နိုင်ငံတကာကကမ္ဘာလှည့်ခရီးသွားတွေ အများကြီးလာရောက်လည်ပတ်နေကြသလို၊ မြန်မာနိုင်ငံသားတွေလည်းခရီးသွားခြင်းကို အတော်လေးနှစ်သက်လာတာတွေ့ရတယ်ဗျ။ ဒါပေမယ့်ပြဿနာတစ်ခုက ခရီးသွားရာသီရောက်ပြီဆိုဟိုတယ်တွေ၊ တည်းခိုခန်းတွေမလောက်တော့တာပါ။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းကျွန်တော်တို့ဆီမှာရှိပါတယ်ခင်ဗျ။
ဒါကတော့ Room Loan ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ပါတယ်။ Room Loan ဝန်ဆောင်မှုဆိုတာတကယ်လို့မိတ်ဆွေရဲ့အိမ်မှာ အခန်းပိုတွေအခန်းလွတ်တွေရှိနေခဲ့မယ်ဆိုရင် အဲဒီအခန်းကိုဓါတ်ပုံရိုက်ပြီး App တင်ထားလိုက်ယုံနဲ့ တခြားသူတစ်ယောက်ကိုငှားပြီး အပိုဝင်ငွေရှာနိုင်မယ့်အလုပ်တစ်ခုဖြစ်ပါတယ်။
မြန်မာပြည်မှာခေတ်မစားသေးပေမယ့် နိုင်ငံတကာမှာလူတိုင်းနီးပါးသုံးတဲ့ App တစ်ခုရှိပါတယ်။
အဲဒါကတော့ Airbnb ဆိုတဲ့ App ပါ။ သူရဲ့App ပါ်မှာအခန်းပိုင်ရှင်တွေကအခန်းလွတ်တွေလာတင်ထားတယ် အဲဒီအခန်းတွေကိုတခြား Customer တစ်ယောက်ကြိုက်သွားပြီဆိုရင် App ပေါ်ကနေတစ်ဆင့်ငှားလို့ရတယ်။
Hotel တွေ၊ တည်းခိုခန်းတွေကိုငှားလို့ရသလို၊ အိမ်မှာနေသလိုဖီလင်မျိုးရချင်တဲ့ခရီးသွားတွေအတွက်လည်း သီးသန့်အခန်းတွေငှားပြီးနေလို့ရမယ် App Platform တစ်ခုပါ။ ကျွန်တော်တို့နိုင်ငံဟာတိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သလို၊ ခရီးသွားလုပ်ငန်းတွေလည်းဖွံဖြိုးလာနေတာမို့လို့ ဒီလို App တစ်ခုတော့လိုအပ်နေတာအမှန်ပါပဲ။
Airbnb App မှာဘယ်လို Function မျိုးတွေပါဝင်လဲ ??
Where - ကိုယ်သွားချင်တဲ့နေရာကိုရှာဖွေနိုင်ခြင်း
Check-In – အခန်းစတင်ငှားရမ်းလိုသည့်နေ့
Check-Out - ပြန်လည်ထွက်ခွာမည့်နေ့
Adult - အသက် ၁၈ နှစ်အထက်လူကြီးအရေအတွက်
Children - အသက် ၁၈ နှစ်အောက်ကလေးအရေအတွက်
ဒီလိုမျိုးကိုယ်သွားချင်တဲ့နေရာ၊ လူအရေအတွက်၊ စတင်တည်းခိုချင်တဲ့ရက်၊ ပြန်လည်ထွက်ခွာမယ့်ရက်တွေကို တခါတည်းရိုက်ထည့်ပြီးရှာလို့ရတဲ့အပြင် ကျသင့်ငွေကိုလည်းတစ်ခါတည်းပြသပေးတာမို့လို့ User တွေအတွက်တော်တော်အဆင်ပြေတဲ့ App လေးတစ်ခုဖြစ်ပါတယ်ခင်ဗျ။
လူတိုင်းလိုလို Mobile ဖုန်းတွေအသုံးများလာတာနဲ့အမျှ App တွေလည်းအများကြီးလိုအပ်လာပါတယ်။ ဒါကြောင့် Room Loan Service ပေးနိုင်တဲ့ App တစ်ခုပြုလုပ်ယုံဖြင့်အခန်းပိုင်ရှင်တွေနဲ့ အခန်းငှားလိုသူတွေကိုသင့်ရဲ့ App ပေါ်ကတစ်ဆင့်ချိတ်ဆက်ပေးနိုင်တော့မှာဖြစ်ပါတယ်။ ခရီးသွားများအတွက်အခန်းလိုအပ်ချက်ကိုလျော့ချပေးနိုင်မှာဖြစ်သလို၊ အခန်းပိုင်ရှင်တွေကိုလည်းအပိုဝင်ငွေရရှိစေမှာဖြစ်လို့ ဈေးကွက်လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျ။
ယခုကဲ့သို့ Room Loan Service လုပ်ငန်းတစ်ကိုစတင်ဖို့ (သို့) Internet စီးပွါးရေးလုပ်ငန်းအကြောင်းအရာများးကိုအသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက Successful Cases ပေါင်း 1000+ အတွေ့အကြုံနဲ့ Worldwide Client ပေါင်း 10000 ကျော်၏ Project များကိုပြုလုပ်ဆောင်ရွက်ပေးနေတဲ့ eWhale Myanmar ကိုအမြန်ဆုံးဆက်သွယ်နိုင်ပါတယ်ခင်ဗျ။