ပြောင်းလဲတိုးတက်လာတဲ့မြန်မာပြည်ရဲ့စီးပွါးရေးလုပ်ငန်းတွေဟာ Traditional Marketing ကနေ Digital Marketing ဘက်ကိုတဖြေးဖြေးကူပြောင်းလာနေပါပြီ။
Digital Marketing လို့ပြောလိုက်ရင် Website တွေ SEO တွေကချန်ထားခဲ့လို့မရပါဘူး။ ကမ္ဘာ့လူဦးရေရဲ့သန်း ၄၀ ကျော်လောက်ဟာနေ့စဉ်နေ့တိုင်း Online ပါ်ကနေအချက်အလက်တွေရှာဖွေနေကြတာပါ။ မြန်မာနိုင်ငံမှာလည်းလုပ်ငန်းတော်တော်များများက Online မှာနေရာယူပြီးသားဖြစ်နေကြပါပြီ။
ဒီလိုပြိုင်ဖက်တွေများတဲ့ခေတ်ကြီးထဲမှာသင့် Brand ကိုရောင်းအားတက်စေဖို့ဘာလုပ်ရမလဲ ?
တစ်နေ့တစ်နေ့ Google မှာ Information ရိုက်ရှာတဲ့လူဦးရေသန်းချီရှိနေပါတယ်။ အဲဒီထဲမှာသင့်လုပ်ငန်းမပါခဲ့ဘူးဆိုရင် အလားအလာရှိတဲ့သင့်ဖောက်သည်တွေဟာ သူများတွေဆီရောက်သွားမှာအသေအချာပါပဲခင်ဗျ။
သင့် Product တွေဘယ်လောက်ကောင်းကောင်း၊ သင့်ဝန်ဆောင်မှုတွေဘယ်လောက်ကောင်းကောင်း၊ သင့် Website Design ဘယ်လောက်ပဲလှလှ Google မှာရှာလိုက်လို့သင့် Website ရဲ့အဆင့်သတ်မှတ်ချက်မေ ကာင်းဘူးဆိုရင် သင့် Product ကိုဘယ်သူမှသိမှာမဟုတ်တော့ပါဘူး။
Website တစ်ခုမှာ SEO လုပ်ထားရင်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကဘာတွေဖြစ်မလဲ
⦁ Brand Awareness နဲ့ Brand Equity သိသာစွာမြင့်တက်လာခြင်း
⦁ သင့် Website ကိုမြင်တဲ့သူများလာခြင်းကြောင့် Website Traffic သိသိသာသာတိုးတက်လာခြင်း
⦁ ရရှိလာတဲ့ Audience တွေဟာသင့်လုပ်ငန်းကိုအမှန်တကယ်စိတ်ဝင်စားတဲ့ Right Customer များဖြစ်နေခြင်း
⦁ သင့်လုပ်ငန်းအတွက် အလားအလာရှိတဲ့ Sale တွေတိုးများလာစေခြင်း
⦁ ပြိုင်ဘက်လုပ်ငန်းတွေထက် တစ်ပန်းသာခြင်း
⦁ ROI (Return on Investment) ကိုကောင်းမွန်စွာသိမြင်နိုင်သောကြောင့် သင့်ဖောက်သည်များကို Re marketing ပြန်လည်ပြုလုပ်နိုင်ခြင်း
Google မှာရိုက်ရှာတဲ့လူဦးရေရဲ့( ၃ )ပုံပုံ( ၂ )ပုံဟာ First Page မှာပေါ်တဲ့ Webpage တွေကိုပဲ Click လုပ်ပြီးဝင်ကြည့်ကြတာပါ။ ဒီတော့သင့်လုပ်ငန်းကပြိုင်ဖက်တွေထက် First Page မှာရောက်နေမှ Customer ရနိုင်ခြေပိုများလာမှာပါ။
Google ရဲ့First Page မှာသင့်လုပ်ငန်းပါဝင်စေဖို့အတွက် သင့် Websiteကို SEO လုပ်ဖို့အထူးလိုအပ်နေပါပြီ။ သင့် Website ရဲ့အဆင့်သတ်မှတ်ချက်ကောင်းလာစေဖို့ SEO စနစ်တကျလုပ်နိုင်မှသာ သင့်ရဲ့အလားအလာရှိတဲ့ Customer တွေကိုရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျ။