Business တစ်ခုလုပ်ကိုင်တဲ့နေရာမှာလုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေများလွန်းလှပါတယ်။ အထူးသဖြင့် Business Manager တစ်ယောက်၊ Marketing Manager တစ်ယောက်ဆိုရင်ပိုပြီးတော့တောင်အလုပ်ရှုပ်ပါသေးတယ်။
ဒီလိုလုပ်ငန်းတွေကိုအလွယ်တကူနဲ့အချိန်ကုန်သက်သာစေမယ့် Tools တွေရှိပါတယ်။ အခုဖော်ပြပေးမယ့် Application Tools တွေဟာသင့်ရဲ့နေ့စဉ်တာဝန်တွေကို အထောက်အကူဖြစ်စေမှာပါခင်ဗျ။
(1) Slack
ဒီ App လေးက Company တွေ၊ Organization တွေအတွက်တစ်ယောက်နဲ့တစ်ယောက်ဆ က်သွယ်တဲ့နေရာမှာ တော်တော်အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ Message တွေ၊ ဖိုင်တွေကိုလူတစ်ဦးချင်းစီပို့လို့ရသလို Group အလိုက်လဲခွဲပြီးပို့လို့ရပါတယ်။
(2) Newton
ဒီ App ကတော့ Mail တွေကို Analysis လုပ်လို့ရတဲ့ App အမျိုးအစားတစ်ခုပါ။ သင့်ဆီဝင်လာတဲ့ Client ရဲ့ Email တွေကိုတစ်နေရာထဲမှာစုစည်းပေးတဲ့အပြင် ဖတ်ပြီးသား Email နဲ့မဖတ်ရသေးတဲ့ Email ကိုခွဲခြားပြပေးထားပါတယ်။
(3) Pocket
Pocket ကတော့သင်မအားလို့မဖတ်နိုင်တဲ့ Article တွေကို Save လုပ်ထားလို့ရတဲ့ App တစ်ခုဖြစ်ပါတယ်။ သူရဲ့ထူးခြားချက်ကသင်ကိုယ်တိုင်စာဖတ်စရာမလိုပဲ App ကအလိုအလျောက်အသံထွက်ပြီး ဖတ်ပေးနိုင်တာပါပဲ။
(4) Grammarly
သင့်ရဲ့ Client တွေ လုပ်ဖော်ကိုင်ဖက်တွေကိုပေးပို့မဲ့ Email, Message, Document မှာရေးသားထားတဲ့ Grammar တွေကို ပြီးပြည့်စုံအောင် စစ်ဆေးပေးမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ application ပါပဲ။
(5) Cisco Spark
သင့်ဟာနေ့တိုင်း Meeting များစွာကိုဦးဆောင်ရသူဆိုရင်တော့ဒီ App လေးကသင့်အတွက်အတော်ကိုအဆင်ပြေစေမှာပါ။ မနက်တိုင်းမှာသင်ရဲ့ Meeting နဲ့ပက်သက်တဲ့ Information တွေကို Message ပေးပို့ပေးမှာဖြစ်ပါတယ်။