technology new technology new

𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐯𝐬 𝐢𝐎𝐒: အပ်ပလီကေးရှင်းတစ်ခု စတင်ရေးဆွဲပြီဆိုရင် ဘာအရင်ရွေးချယ်မလဲ?


eWhale Myanmar
android vs ios

    သင်ဟာ လုပ်ငန်းအတွက် အပ်ပလီကေးရှင်းတစ်ခု ရေးဆွဲတော့မယ် ဆုံးဖြတ်လိုက်ရင် iOS အတွက်လား Andriod အတွက်လား ဆိုတာ သင်ပထမဆုံး ဆုံးဖြတ်ရမယ့် အရာဖြစ်တယ်…


    မှန်ပါတယ်…သင့်နောက်ဆုံး ရည်ရွယ်ချက်က ပလတ်ဖောင်းနှစ်ခုလုံးမှာ ရေးဆွဲချင်တာ ဖြစ်မှာပါ။ သို့သော် တစ်ပြိုင်နက်တည်း နှစ်ခုလုံးရေးဆွဲမယ်ဆိုရင်တော့ ကုန်ကျစရိတ်များပါတယ်။


    အဲ့ဒီအစား developer အများစုဟာ ပလတ်ဖောင်းတစ်နေရာရာမှာ အပ်ပလီကေးရှင်း စတင်ရေးဆွဲပြီး အနည်းငယ်အောင်မြင်သွားပြီဆိုမှ ပလတ်ဖောင်းနောက်တစ်ခုမှာ ထပ်မံဖြန့်ဖြူးလေ့ရှိကြပါတယ်…


    ဒါဆို အပ်ပလီကေးရှင်းကို andriod လား ios လား ဘယ်မှာ စတင်ရေးဆွဲမလဲဆိုတာ ဘယ်လိုဆုံးဖြတ်ကြမလဲ?


    ဘယ်ဟာက ကောင်းတယ်လို့တော့ တစ်သတ်မှတ်တည်းမရှိပါဘူး...ပလတ်ဖောင်းနှစ်ခုလုံးမှာတော့ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီ ရှိကြပြီး နောက်ဆုံးရွေးချယ်မှုမှာ အောက်ပါ အချက် ၅ ချက် ပေါ်မှာ မူတည်ပြီး ရွေးချယ်စေချင်ပါတယ်...


• 𝘼𝙪𝙙𝙞𝙚𝙣𝙘𝙚


• 𝙏𝙞𝙢𝙚𝙡𝙞𝙣𝙚


• 𝘿𝙚𝙨𝙞𝙧𝙚𝙙 𝙛𝙚𝙖𝙩𝙪𝙧𝙚𝙨


• 𝘽𝙪𝙙𝙜𝙚𝙩


• 𝙍𝙚𝙫𝙚𝙣𝙪𝙚 𝙜𝙤𝙖𝙡

1. 𝙔𝙤𝙪𝙧 𝘼𝙪𝙙𝙞𝙚𝙣𝙘𝙚


    ပထမဆုံးအနေနှင့် သင့် target audience ရဲ့ နေထိုင်ရာအရပ်နှင့် လူဦးရေ လက္ခဏာရပ် စသည်တို့ကို စဉ်းစားဆင်ခြင်ပါ။


    Andriod သည် လူသုံးအများဆုံး operating system ဖြစ်သော်လည်း သင့် taget audience က andriod သုံးမယ်လို့ ပုံသေတွက်လို့မရပါ...


    သင်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကမ္ဘာအနှံ့က audience တွေကို target ထားတာဆိုရင် Andriod ရွေးချယ်ရင်အကောင်းဆုံးပါ..


    သင့် audience က အမေရိကတို့ ဥရောပတို့ဘက်က ဒါမှမဟုတ် သင်ဟာ e-commerce နဲ့ enterprise app ရေးဆွဲချင်တာဆိုရင် apple ဟာ ပိုကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်…


    {Andriod နဲ့ iOS အသုံးပြုသူများရဲ့ ဒေတာမျာကို အောက်တွင် ထည့်သွင်းထားပါတယ်...}


• Android သည် အာရှ၊ အာဖရိကနှင့် တောင်အမေရိကများတွင် အသုံးပြုသူပိုများသည်။ 


• Android အသုံးပြုသူများက စက်မှုလက်မှုပညာပိုင်းဆိုင်ရာအလုပ်အကိုင်များ ပိုလုပ်ကိုင်လေ့ ရှိကြတယ်


• အမျိုးသားများက iOS ထက် Andriod ကို အနည်းငယ်ပိုကြိုက်ကြပါတယ်


• iPhone အသုံးပြုသူများသည် android အသုံပြုသူများထက် ၄၀ ရာနှုန်းလောက် ဝင်ငွေ ပိုရလေ့ ရှိကြတယ်… 


• iOS အသုံးပြုသူများသည် လူငယ်အများစုဖြစ်ကြပြီး လေ့လာချက်များအရ ပျမ်းမျှ ၁၈-၂၄ နှစ်အရွယ်များ ဖြစ်ကြတယ်။


• အမျိုးသမီးများဟာ Android ထက် Iphone များပိုသုံးလေ့ ရှိကြတယ်။


• Apple users များသည် အဆင့်မြင့် ပညာရေးဘွဲ့ရများ ဖြစ်လေ့ရှိကြတယ်။ 


• Apple အသုံးပြုသူများဟာ ပရော်ဖက်ရှင်နယ်နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ အလုပ်အကိုင်များ လုပ်ကိုင်လေ့ရှိကြတယ်…


• iOS သည် security ပိုကောင်းသော ဂုဏ်သတင်းရှိသောကြောင့် လုပ်ငန်းဈေးကွက်များတွင် ပိုထိုးဖောက်နိုင်သည်။ .


• Apple အသုံးပြုသူများသည် မိမိ devices တွေကို အမြဲသုံးလေ့ရှိပြီး app များလည်း ပိုသုံးလေ့ရှိသည်။ 


• iOS အသုံးပြုသူများသည် မိုဘိုင်းဖုန်းများမှ ရှော့ပင်းထွက်ခြင်းနှင့် ဈေးဝယ်ခြင်းများ ပိုလုပ်လေ့ရှိသည်။




2. 𝙏𝙞𝙢𝙚𝙡𝙞𝙣𝙚


    iOS အတွက် ရေးဆွဲခြင်းဟာ ပိုမြန်၊ ပိုလွယ်ပြီး ပိုအကုန်အကျသက်သာပါတယ်—တစ်ချို့ဆို android အတွက် ရေးဆွဲခြင်းဟာ iOS ထက် ၃၀ မှ ၄၀ ရာခိုင်နှုန်းလောက်အထိ အချိန်ပိုကြာနိုင်ပါတယ်လို့ ခန့်မှန်းကြပါတယ်…


    iOS ဗားရှင်းရေးဆွဲရတာ ပိုလွယ်ကူစေတဲ့ အကြောင်းအရင်းတစ်ခုကတော့ “code” ကြောင့်ဖြစ်ပါတယ်…Android apps များဟာ ယေဘုယျအားဖြင့် Java နဲ့ ရေးဆွဲကြရသည်။ (Java သည် Apple ရဲ့ တရားဝင် programming language ဖြစ်တဲ့ Swift ထက် ပိုပြီး code များများရေးရခြင်းကြောင့်ဖြစ်တယ်)


    နောက်အကြောင်းအရင်းကတော့ Andriod သည် open source ပလတ်ဖောင်းဖြစ်သည်။ open source ဖြစ်၍ စံသတ်မှတ်ခြင်းမရှိတဲ့ အတွက် ပိုမိုများပြားတဲ့ device တွေ components တွေနဲ့ ဆော့ဖ်ဝဲလ် မပြည့်စုံခြင်းများအတွက် တာဝန်ခံစရာ ပိုရှိလာတဲ့ အချိန်လည်းပိုပေး၍ ရေးဆွဲရသည်။


    iOS သာ ရေးဆွဲမယ်ဆိုရင် Apple ရဲ့ သီးခြား ecosystem စနစ်ကြောင့် သင်သည် စံသတ်မှတ်ထားသော device နှင့် operating system တို့အတွက် ရေးဆွဲရမည်ဟု ဆိုလိုပြီးသားဖြစ်တယ်။ Apple App Store တွင် ပိုတင်းကြပ်သော စည်းမျဉ်းများ၊ အရည်အသွေးမျှော်လင့်ချက်များနှင့် ပိုမိုကြာရှည်သော review လုပ်ငန်းစဉ်များ ရှိတာကြောင့် အပ်ပလီကေးရှင်း အတည်ပြုချက်ရရှိရန်တော့ နည်းနည်းကြာပါသည်။ Apple ရဲ့ standards များနဲ့သာ မကိုက်ညီရင် သင့်အပ်ပလီကေးရှင်းသည်အတည်ပြုချက် ငြင်းပယ်ခြင်း ခံရနိုင်ပါတယ်။




3. 𝘿𝙚𝙨𝙞𝙧𝙚𝙙 𝙛𝙚𝙖𝙩𝙪𝙧𝙚𝙨


    သင့်လုပ်ငန်းအပ်ပလီကေးရှင်းမှာ ဘယ်လို features တွေ ထည့်သွင်းပေးမှာလဲ? 


    Android ဟာ Open source ဖြစ်တာကြောင့် သင့်အပ်ပလီကေးရှင်း စိတ်ကြိုက်ဖန်တီးဖို့ (သင့် audience လိုချင်တဲ့ features နဲ့ functions တွေ ပါဝင်ဖို့) flexibile ပိုဖြစ်သည်။ သို့သော် ဒီ open environment သည် မူပိုင်ခွင့် ကူယူးနိုင်သည့် အပ်ပလီကေးရှင်းများနှင့် malware များ တွေ့ကြုံရလွယ်နိုင်သည်။


    Apple သည် သူရဲ့ သီးခြားသဘာဝကြောင့် ပိုပြီး secure ဖြစ်တယ်၊ လုံခြုံတယ်လို့ ခံစားရပြီး လုပ်ငန်းဈေးကွက် (enterprise market) မှာ ပိုကြီးမားတဲ့ audience ရှိတယ်။




4. 𝘽𝙪𝙙𝙜𝙚𝙩


    ဘက်ဂျက်ဆိုလို့ ရင်းနှီးမြှပ်နှံတဲ့ ငွေအမောင့်ကိုပဲ ဆိုလိုခြင်းမဟုတ်ပါ…အပ်ပလီကေးရှင်း develop လုပ်တဲ့ ကြာချိန်သည် ကုန်ကျစရိတ်နဲ့လည်း တိုက်ရိုက်ချိတ်ဆက်နေပါတယ်။


    Android အတွက် ရေးဆွဲတဲ့အခါ operating system ဟောင်းများသုံးနေတဲ့ audience အတွက်လည်း ထည့်သွင်းစဉ်းစားပေးရန်လိုတယ်။ operating systems ဟောင်းများ သုံးနေဆဲဖြစ်သော မိုဘိုင်းဖုန်း အသုံးပြုသူများသည် bugs တွေ crashes တွေ ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်ရှားရန် နှင့် သင့်အပ်ပလီကေးရှင်းနဲ့ user ပလတ်ဖောင်း သဟဇာတဖြစ်နေဖို့ သေချာအာင်ရေးရသေးတဲ့အတွက် ရေးဆွဲချိန်ပိုကြာတယ်။


    ဒါအပြင် Android အသုံးပြုသူများသည် operating system အသစ်များ ကျင့်သားရရန် ပိုအချိန်ယူရလေ့ရှိသည်။ လေ့လာတွေ့ရှိချက်အရ android အသုံးပြုသူများရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ၂ နှစ်ကျော်ရှိပြီဖြစ်တဲ့ operating system ကို အသုံးပြုနေကြဆဲဖြစ်သည်။


    Apple အသုံးပြုသူများကျတော့ သူတို့ရဲ့ operating system ကို မကြာခဏ update လုပ်လေ့ရှိကြတယ်။




5. 𝙍𝙚𝙫𝙚𝙣𝙪𝙚 𝙜𝙤𝙖𝙡


    အပ်ပလီကေးရှင်းရေးဆွဲခြင်းနှင့် ရေးပြီးသား အပ်ပလီကေးရှင်းထိန်းသိမ်းဖို့ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် တန်ဖိုးကြီးတဲ့ကိစ္စရပ်များဖြစ်တယ်…သင်သည်လည်း လုပ်ငန်းရှင်တစ်ယောက်အနေနှင့် သင်ရေးထားတဲ့ အပ်ပလီကေးရှင်းမှ ဝင်ငွေဝင်နေမှဖြစ်မှာပါ။ ဒါကြောင့် သင့် income models ဟာ ဒီ android နဲ့ iOS ရွေးချယ်တဲ့နေရာမှာ အရေးပါတဲ့အချက်တစ်ခု ဖြစ်လာတယ်.


    သင့်ရဲ့ income plan က ကနဦးလုပ်ငန်းစဉ်ကို အများအပြား သက်ရောက်မှုရှိတယ်။ သင်ဟာ အခမဲ့ အပ်ပလီကေးရှင်းနဲ့ စတင်ပြီး နောက်မှ ငွေရအောင်လုပ်မယ်ဆိုရင် (ဒါမှမဟုတ်) သင်ဟာ ကြော်ငြာတွေကနေမှ ငွေရအောင်လုပ်မယ်လို့ ရည်ရွယ်ထားရင် Andriod သည် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မှာပါ…သို့သော် သင့်အပ်ပလီကေးရှင်းအတွက် ငွေကောက်ခံဖို့ လိုတယ်ဆိုရင် iOS ရွေးချယ်မှဖြစ်မည်။


    အပ်ပလီကေးရှင်းရေးဆွဲပြီး ငွေရှာခြင်း (app monetization) သည် သင့်လုပ်ငန်းရဲ့ ရည်ရွယ်ချက်ဖြစ်ရင်တော့ ဒီအချက်ကို သင်သတိပြုပါ…


    Android users များသည် iOS users ထက် ငွေပေးချေပြီး အပ်ပလီကေးရှင်းသုံးလိုစိတ် နည်းလေ့ရှိပါသည်။ ဒါကြောင့် developers များလည်း in-app ads များပါဝင်တဲ့ အခမဲ့ အပ်ပလီကေးရှင်းများ ရေးဆွဲလေ့များကြပါသည်။ တကယ်တော့ Apple App Store ဟာ Google Play ထက် အပ်ပလီကေးရှင်း ဒေါင်းလုတ်အရေအတွက် တစ်ဝက်နီးပါးလောက်ပဲ ရှိသော်လည်း revenue မှာ နှစ်ဆနီးပါး ရရှိသည်။

    နိဂုံးပြောရရင် သင့်ဟာ app မှ ငွေရှာချင်တယ်ဆိုရင် ဒါမှမဟုတ် e-commerce app ရေးဆွဲချင်တယ်ဆိုရင် iOS ကို ရွေးချယ်သင့်ပါတယ်။


   á€žá€­á€Żá€ˇá€žá€ąá€Źá€ş သင်ဟာ ကမ္ဘာအန့ှံရောက်သော (ဒါမှမဟုတ်) အာရှနဲ့ လက်တင်အမေရိကမှာ ရှိတဲ့ emerging markets ဈေးကွက်ကို ဦးတည်နေတာ (ဒါမှမဟုတ်) Apple က support မပေးတဲ့ features တွေပါဝင်နေရင် Android သည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။


    မည်သည့်ပလတ်ဖောင်းပဲ အရင်ရွေးချယ်ပါစေ၊ သင်ဟာ အခက်အခဲများဖြေရှင်းပြီး သင်ရဲ့ လက်ဦးပလတ်ဖောင်းမှာ user base တစ်ခု တည်ဆောက်ပြီးသွားပြီဆိုရင် တစ်ခြားပလတ်ဖောင်းက users များက သင့်အပ်ပလီကေးရှင်း ဗားရှင်းအသစ်ကို တောင်းဆိုလာကြမှာ ဖြစ်ပါတယ်…


    ဒါမျိုးဖြစ်လာပြီဆိုလျင် သင်တစ်ခြားပလတ်ဖောင်းအတွက် အပ်ပလီကေးရှင်းဗားရှင်းအသစ် ရေးဆွဲရန် အချိန်ရောက်ပြီဆိုတဲ့ အချက်ပဲဖြစ်ပါသည်။