technology new technology new

အသက် ၁၄ နှစ်နဲ့ IBM ရဲ့ Expert တစ်ယောက်ဖြစ်လာတဲ့ Tanmay Bakshi


eWhale Myanmar
TanmayBakshiWebCover

ဒီတစ်ခါပြောပြပေးမှာကတော့  အသက် ၁၄ နှစ်ပဲရှိပေမယ့် Computer Programmer, AI Expert, Apps ပေါင်းများစွာကို Develop လုပ်ခဲ့တဲ့ Tanmay Bakshi အကြောင်း ဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ ဒီလို အောင်မြင်လာအောင် Tanmay Bakshi တစ်ယောက် Programming ကို ဘယ်လို စတင်လေ့လာခဲ့လဲ ဘယ်အရာတွေက သူ့ကို အောင်မြင်အောင် လုပ်ပေးခဲ့လဲဆိုတာ အောက်မှာ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်။



Tanmay Bakshi ရဲ့ အဖေဖြစ်တဲ့  Peanut Bakshi ကတော့  Computer Programmer အဖြစ် နှစ်အတော်ကြာ လုပ်ခဲ့ပါတယ်။ အဲ့ဒီကနေ  စပြီးတော့ Tanmay တယောက် Computer Programming ကိုစိတ်ဝင်စားခဲ့လားဆိုတာ မပြောတတ်ပါဘူး။ Tanmay Bakshi အသက် ၅ နှစ်အရွယ်မှာ သူ့အဖေက Programming အကြောင်းကို စပြီးသင်ကြားပေးခဲ့တယ်။ အဲ့နောက်ပိုင်းမှာတော့ အင်တာနက်ပေါ်ကနေ Programming နဲ့ပတ်သတ်တဲ့ စာအုပ်တွေကို စတင်ဖတ်ပြီး သင်ယူပါတယ်။ ကွန်ပျူတာတွေကို ဘယ်လို ထိန်းချုပ်လို့ရတယ်ဆိုတာ နောက်ပြီးတော့ ကွန်ပျူတာတွေကို လူတွေက ဘာတွေလုပ်ခိုင်းလို့ရတယ်ဆိုတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားပြီး  လေ့လာခဲ့တယ်။



အသက် ၇ နှစ်ကို ရောက်လာတဲ့အရွယ်မှာတော့ သူက YouTube Channel တစ်ခုကို စပြီး တည်ထောင်ခဲ့တယ်။ အဲ့ Channel မှာဆိုရင် Coding, Web Development နဲ့ ပတ်သက်တဲ့ Tutorials တွေကို စပြီးတော့ တင်ခဲ့တယ်။ သူရဲ့ YouTube Channel က Beginners တွေအတွက်နဲ့ Programming ကို စိတ်ဝင်စားတဲ့ ကလေးတွေအတွက် အရမ်းကို အထောက်အကူပြုတာမို့လို့ Video တစ်ခုတင်တဲ့အခါတိုင်းမှာ တစ်ကမ္ဘာလုံးက လူတွေဆီက ထောင်နဲ့ချီတဲ့ မေးခွန်းတွေကို ရရှိခဲ့တယ်။ ဒီနေ့မှာတော့ သူရဲ့ YouTube Channel ဟာ  Subscribers ပေါင်း 300,000 ကျော်ရှိနေပါပြီ။



အသက် ၈နှစ်အရွယ်မှာတော့ Bakshi က IOS Apps တွေကို ဘယ်လို Develop လုပ်ရမလဲဆိုတာ လေ့လာခဲ့တယ်။ အသက် ၉ နှစ်အရွယ်မှာတော့ သူရဲ့ ပထမဆုံး Develop လုပ်ခဲ့တဲ့ App ကို Apple Store က စပြီးတော့ လက်ခံခဲ့တယ်။ အဲ့ App ရဲ့နာမည်ကတော့ TTables ပဲဖြစ်ပါတယ်။



Bakshi လေး အသက် ၁၁ နှစ်ရောက်လာတဲ့အခါမှာတော့ Ask Tanmay လို့ခေါ်တဲ့ App ကို စပြီး မိတ်ဆက်ခဲ့တယ်။ IBM ရဲ့ PDF to HTML Converter Software တစ်ခုက Bugs ကို Twitter ကနေဖော်ထုတ်လိုက်ရာကနေ စပြီးတော့ IBM ကသူ့ကို မျက်စိကျခဲ့တယ်။ အဲ့ကနေစပြီးတော့  IBM Projects တွေမှာ ပါဝင်ခွင့်ရလာခဲ့ပါတယ်။ 



အသက် ၁၂နှစ်မှာတော့ အသက်အငယ်ဆုံး IBM Watson Programmer တစ်ယောက်ဖြစ်လာတယ်။ IBM နဲ့ ပူးပေါင်းပြီးတော့ Social Media Analytics လုပ်ဖို့အတွက် AI ကို ဘယ်လိုအသုံးချမလဲ ဆိုတဲ့ ဆွေးနွေးပွဲတွေ၊ Conferences တွေလုပ်တဲ့အခါမှာ လူပေါင်း သောင်းချီပြီး တက်ရောက် နားထောင်ခဲ့ကြပါတယ်။ နောက်ပြီးတော့ Hello Swift! ဆိုတဲ့ IOS Programming စာအုပ်ကို Programming  အကြောင်းစိတ်ဝင်စားတဲ့  ကလေးတွေအတွက်နဲ့ အခုမှစပြီး လေ့လာမယ့်သူတွေအတွက် ထုတ်ဝေခဲ့ပါတယ်။  နောက်တစ်အုပ်ကတော့ ရေးနေဆဲလို့ဆိုထားပါတယ်။ 



အသက် ၁၄ နှစ်သာရှိသေးတဲ့ Tanmay Bakshi ရဲ့ အောင်မြင်မှုကတော့ အားကျ အတုယူဖွယ်ပါပဲနော်။ သူရဲ့အိမ်မက်တွေကို အခုလို အကောင်အထည်ဖော်နိုင်ဖို့အတွက် ထောက်ပံ့ပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ အခုမှာတော့ Bakshi က Finland, New Zealand, Australia, Denmark စတဲ့နိုင်ငံတွေက IBM Summits တွေရဲ့ ဆွေးနွေးပွဲတွေမှာ Speaker အဖြစ်ပါဝင်လာပါတယ်။ အခုခေတ် ကလေးငယ်တွေဟာ IT နည်းပညာနဲ့ ဝေးလွန်းတော့တဲ့ အခြေအနေ မဟုတ်ပါဘူး။ သူတို့ရဲ့ အသက်အရွယ်နဲ့လိုက်တဲ့ Programming သင်ခန်းစာတွေ သင်ပေးတဲ့ကျောင်းတွေကို မြန်မာနိုင်ငံမှာ တွေ့လာရတာလည်း ဝမ်းသာစရာပဲ ဖြစ်ပါတယ်။



eWhale Myanmar - Mobile Application, Website & IoT Development Services

Call Now! - " 09 788 668 611”