technology new technology new

အလွန်အသုံးဝင်မယ့် အကောင်းဆုံး Free Mobile App ၁၀ ခု


eWhale Myanmar
topten-mobile-app

အားလုံး မင်္ဂလာပါ။ ဒီကနေ့ ကျွန်တော်တို့ eWhale Myanmar မှ တင်ဆက်ပေးမှာကတော့ ‘အလွန်အသုံးဝင်မယ့် အကောင်းဆုံး Free Mobile App ၁၀ ခု’ အကြောင်းပဲ ဖြစ်ပါတယ်။ Apple ရဲ့ ဖခင်ကြီး Steve Jobs ဟာ ပထမဦးဆုံး iPhone ကို ၂၀၀၇ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့ပြီး Android Phone ကိုတော့ ၂၀၀၈ ခုနှစ်မှာ HTC Dream က ပထမဦးဆုံး မိတ်ဆက်ခဲ့ပါတယ်။ 

iPhone, Android Phone နဲ့ Windows Phone တွေအပါအဝင် စမတ်ဖုန်းတွေ ပေါ်လာပြီးနောက် ကျွန်တော်တို့တွေဟာ အားလပ်ချိန်အများစုကို ဖုန်းတွေနဲ့ပဲ ကုန်ဆုံးတတ်ကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၅၀၀၀ ကျော်ဟာ စမတ်ဖုန်းတွေကို ပိုင်ဆိုင်ထားကြတယ်လို့ သိရပါတယ်။ စမတ်ဖုန်းတွေကို အသုံးပြုတဲ့အခါ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ Application တွေဟာလည်း များစွာ အရေးပါပါတယ်။ Application Store တွေမှာ ရှိတဲ့ Application တွေကို လူတွေဟာ အကြိမ်ရေ သန်းထောင်ပေါင်းများစွာ Download ဆွဲနေကြတယ်လိုလဲဆိုပါတယ်။

Application အများစုဟာ အခမဲ့ဖြစ်ပြီး ပိုက်ဆံပေးသုံးရတဲ့ Application တွေလည်း အများအပြားရှိပါတယ်။ တကယ်အသံုံးဝင်တဲ့ Application အများစုကိုတော့ ဝယ်သုံးရပါတယ်။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ အလွန်အသုံးဝင်တဲ့ Application တချို့ကို ကျွန်တော်တို့ Free သုံးခွင့်ရပါတယ်။ ကဲ ဒါဆို ကျွန်တော်တို့ ဘယ်လို Application တွေကို Free သုံးလို့ရမလဲဆိုတာကို အောက်မှာ ကြည့်လိုက်ကြရအောင်…။

1. Google Drive 

ဒီမှာ ကျွန်တော်တို့ ပထမဆုံး ဖော်ပြပေးချင်တာကတော့ Google Drive အကြောင်းပဲဖြစ်ပါတယ်။ Google Drive ကို ကျွန်တော်တို့ Data တွေသိမ်းဆည်းဖို့အတွက် အဓိကအသုံးပြုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ Google Docs, Google Slides, Google Sheets နဲ့ Google Keep တို့ကိုလည်း တစ်နေရာတည်းကနေ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ 

Google Docs, Sheets, Slides တို့ကို အဓိက ရုံးသုံးအတွက် ထည့်သွင်းထားတာဖြစ်ပြီး၊ သင့် ကိုယ်ပိုင် Data (Photos, Images, Videos, etc.) တွေကို သိမ်းဆည်းဖို့အတွက်လည်း Google Drive ကို အသုံးပြုနိုင်ပါတယ်။ ဒီအထဲမှာ အကောင်းဆုံးတစ်ချက်က Google Drive ဟာ User တွေအတွက် Storage (15GB) ကို အခမဲ့ သုံးစွဲခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။ 

Price: Free For 15GB Storage

2. Quik

Quik ဟာ GoPro ကနေ Develop လုပ်ထားတဲ့ Video Editor App တစ်ခုဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ Feature တွေ အကုန်လုံးကို Free သုံးလို့ရတဲ့ App အနည်းစုထဲက တစ်ခုအနေနဲ့လည်း သတ်မှတ်နိုင်ပါတယ်။ Quik ကိုအသုံးပြုမယ်ဆိုရင် လုပ်ဆောင်ရမှာက သင် ရိုက်ထားတဲ့ Video ကို Quik မှာထည့်မယ်၊ ပြီးရင် ဘယ်လိုပုံစံမျိုး Edit လုပ်ချင်တယ်ဆိုတာကို ရွေးမယ်ဆိုရင်ရပါပြီ။ သုံးရတာလည်း အရမ်းကို လွယ်ကူပါတယ်။ 

Quik မှာ Video တွေကို သင်စိတ်တိုင်းကျ ဘယ်လောက် တိုမယ်၊ ဘယ်လောက်ရှည်မယ်၊ ဘယ်နေရာမှာ ဖြတ်မယ်၊ ဘယ်နေရာမှာ ဘယ်လို effect တွေထည့်မယ် စသည်ဖြင့် လုပ်ဆောင်နိုင်ပါတယ်။ Quik ဟာ Desktop မှာအသုံးပြုတဲ့ Final Cut Pro တို့ Adobe Premiere တို့လောက်မကောင်းပေမဲ့ ရိုးရိုးသာမန် Video လေးတွေကို Edit လုပ်ဖို့ အတွက်ကတော့ တော်တော်လေးကို ပြီးပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ Quik ထက်ပိုကောင်းတဲ့ Video Editor တွေကို App Store တွေမှာ Download ယူလို့ရနိုင်ပေမယ့် သူတို့ အများစုဟာ Paid Version တွေဖြစ်ပါတယ်။

3. LastPass

အခုခေတ်မှာ Social Media App တွေအများကြီးပေါ်လာတာကြောင့် ကျွန်တော်တို့အများစုမှာလည်း Social Media Account တွေ ၂ ကောင့်ထက်မနည်းရှိနေနိုင်ပါတယ်။ Account အသစ်ဖွင့်တုန်းက ကိစ္စမရှိပေမဲ့ အချိန်ကြာလာတဲ့အခါ ကျွန်တော်တို့ရဲ့ Account (သို့) Password ကို မေ့သွားတတ်ကြပါတယ်။ ဒီလိုအချိန်မှာ Account Password Reset ပြန်ချတာ (သို့) Account အသစ်ထပ်ဖွင့်တာတို့ လုပ်ရမှာပါ။ Account အသစ်နဲ့ Friend တွေကို ပြန် Add ရတာတွေလည်းရှိတော့ တော်တော်ကို အလုပ်ရှုပ်နေနိုင်ပါတယ်။

အခုတော့ အဲ့ဒီလို အလုပ်ရှုပ်ခံစရာမလိုတော့ပါဘူး။ LastPass ပေါ်လာပြီး နောက်ပိုင်း ကျွန်တော်တို့ရဲ့ Social Media Account တွေနဲ့ Password တွေကို တစ်နေရာတည်းမှာ စိတ်ချစွာ သိမ်းထားနိုင်ပါပြီ။ ကိုယ်အသုံးလိုတဲ့အချိန် LastPass ထဲကိုဝင်ပြီး ကိုယ့် Account နဲ့ Password တွေကို အချိန်မရွေးဝင်ကြည့်နိုင်ပါတယ်။ LastPass ကို Windows, MacOS, Android နဲ့ IOS အသုံးပြုတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေမှာ အသုံးပြုနိုင်ပါတယ်။

4. Shazam

ဒီတစ်ခုကတော့ သီချင်းတွေနဲ့ပတ်သတ်ပြီး တော်တော်အသုံးဝင်တဲ့ Application လေးပဲ ဖြစ်ပါတယ်။ Shazam ဆိုတာဘာလဲ? တကယ်တော့ Shazam ရဲ့ အလုပ်လုပ်ဆောင်ပုံက အလွန်ကို ရိုးရှင်းပါတယ်။ Shazam ဟာ သင်ဖွင့်လိုက်တဲ့သီချင်းကို စက္ကန့်ပိုင်းအတွင်း Analysis လုပ်ပြီး အဲ့ဒီသီချင်းရဲ့ အချက်အလက်တွေကို ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ 

Shazam ရဲ့အသုံးပြုပုံကလည်း လွယ်ကူပြီး ရိုးရှင်းပါတယ်။ သီချင်းဖွင့်ထားတဲ့အချိန် Shazam App ကို ဖွင့်မယ်၊ ပြီးရင် ပင်မစာမျက်နှာမှာပါတဲ့ ‘Touch to Shazam’ ကိုနှိပ်မယ်၊ ဒါဆို ၂ စက္ကန့်လောက်အတွင်း သီချင်းရဲ့ အချက်အလက်တွေကို သင်သိရမှာ ဖြစ်ပါတယ်။ Shazam ကို အလိုအလျောက် သီချင်းတွေကို လိုက်ပြီး Analysis လုပ်နေစေချင်တယ်ဆိုရင် ပင်မစာမျက်နှာမှာပါတဲ့ Auto ဆိုတဲ့ Button လေးကိုနှိပ်ထားလိုက်ရင်ရပါပြီ။ (မှတ်ချက် - Internet လိုင်းရှိဖို့လိုအပ်ပါတယ်။)

5. Sticker Maker

သင်သာ WhatsApp ကို အသုံးပြုတယ်ဆိုရင် သူ့မှာပါဝင်တဲ့ ပုံစံအမျိုးမျိုးနဲ့ Sticker တွေကို သတိထားမိမှာပါ။ Sticker တင်မကပါဘူး Emojis တွေနဲ့ GIFs တွေကိုလည်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက သင် WhatsApp မှာ အသုံးပြုနိုင်တဲ့ Sticker တွေဟာ WhatsApp က Developer တွေ လုပ်ထားတာဖြစ်တာကြောင့် သင်လိုချင်တဲ့ ပုံစံမျိုးကို ရဖို့တော့ အခက်အခဲရှိနိုင်ပါတယ်။ 

ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး၊ ဒီပြသနာကို Sticker Maker ကဖြေရှင်းပေးထားပါတယ်။ Sticker Maker ကိုအသုံးပြုပြီး သင်လိုချင်တဲ့ Sticker ကို ကိုယ်တိုင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Sticker Maker ကို အသုံးပြုရတာကလည်း မခက်ခဲပါဘူး။ App ကိုဖွင့်မယ် သင်ဖန်တီးချင်တဲ့ Sticker Pack ကို အမည်ပေးမယ်၊ အသုံးပြုချင်တဲ့ ဓာတ်ပုံကို ထည့်မယ်၊ ပြီးရင် သင်လိုချင်တဲ့ ပုံရအောင် နောက်ခံကို (Crop) ဖြတ်ပြီး စတင်ဖန်တီးနိုင်ပါပြီ။ 

6. Duolingo

သင်သာ ဘာသာစကားတွေ လေ့လာရတာကို ဝါသနာပါတယ်ဆိုရင် Duolingo ကို သင့်ဖုန်းထဲမှာ Install လုပ်ထားသင့်ပါတယ်။ အင်တာနက်အသုံးပြုနိုင်တဲ့ ဖုန်းလေးတစ်လုံးရှိနေရုံနဲ့ ဘာသာစကားပေါင်း မြောက်များစွာကို Duolingo မှာ အခမဲ့ လေ့လာနိုင်ပါတယ်။ 

Duolingo မှာ ဘာသာစကားလေ့လာရေးအတွက် အလွန်အသုံးဝင်တဲ့ လေ့ကျင့်ခန်းတွေ၊ အမေးအဖြေတွေကို အလွယ်တကူ လေ့လာနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အင်္ဂလိပ်ဘာသာစကား၊ တရုပ်ဘာသာစကား၊ စပိန်ဘာသာစကား၊ ပြင်သစ်ဘာသာစကား တွေအပါအဝင် ဘာသာစကားပေါင်းများစွာကို Duolingo မှာ အခမဲ့လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

7. Google Lens

နောက်ပိုင်း Android ဖုန်းအများစုမှာ Google Lens က Built-In ပါဝင်ပါတယ်။ သင့်ဖုန်းမှာ Google Lens မရှိသေးဘူးဆိုရင်လည်း App Store ကနေ Download ဆွဲထားဖို့ ကျွန်တော်အကြံပေးချင်ပါတယ်။ Google Lens ဟာလည်း ကျွန်တော်တို့အတွက် အလွန်အသုံးဝင်တဲ့ App တစ်ခုလို့ ပြောနိုင်ပါတယ်။ 

Google Lens ကိုဘယ်လိုအသုံးပြုရတာလဲ? ဒါကတော့ လွယ်ပါတယ်၊ Google Lens ကို ဖွင့်မယ်၊ QR Code စစ်သလို Camera တစ်ခုပေါ်လာတဲ့အခါ ကိုယ်လိုချင်တဲ့ အရာကို Camera နဲ့ ချိန်လိုက်ရုံပါပဲ။ ခဏလေးအတွင်းမှာပဲ သင့် Camera နဲ့ ချိန်လိုက်တဲ့ ပုံရဲ့အချက်အလက်တွေကို သင်သိရမှာဖြစ်ပါတယ်။ Google Lens ကို အပေါ်မှာ ဖော်ပြခဲ့တဲ့  Shazam နဲ့ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ခုရှိတာက သင် Google Lens ကိုအသုံးပြုနေတဲ့အချိန် Internet ဖွင့်ထားဖို့တော့ လိုပါလိမ့်မယ်။

8. Canva

အရင်တုန်းက Canva ကို IOS မှာပဲ အသုံးပြုနိုင်ပေမယ့် အခု Android မှာပါ အသုံးပြုလို့ ရနေပါပြီ။ Canva ကိုအသုံးပြုပြီး Poster တွေ၊ Collage တွေ၊ Flyer တွေ၊ Card တွေ အပါအဝင် Blog တွေ Social Media တွေအတွက်လည်း Banner တွေ Header တွေကို သင် ဖန်တီးနိုင်ပါတယ်။ 

အသုံးပြုပုံကလည်း အရမ်းကြီးမခက်ပါဘူး။ Canva App ကိုဖွင့်မယ်၊ Create Post ကိုနှိပ်မယ်၊ ကိုယ်သုံးချင်တဲ့ ဓာတ်ပုံအရွယ်အစားကို ရွေးမယ်၊ ပြီးရင် ညာဘက်၊ အပေါ်ထောင့်မှာပါတဲ့ အမှန်ခြစ်လေးကိုနှိပ်လိုက်မယ်၊ ဒါဆိုရင် သင်လိုချင်တဲ့ ဒီဇိုင်းကို စတင်ဖန်တီးနိုင်ပါပြီ။

9. Just A Line

Just A Line ကတော့ AR(Augmented Reality) နည်းပညာသုံး Application တစ်ခုပဲဖြစ်ပါတယ်။ Just A Line ဟာ အနာဂတ်မှာဖြစ်လာနိုင်တဲ့ အခြေအနေကို ကြိုတင်တွက်ဆပြီး Develop လုပ်ထားတဲ့ App တစ်ခုဖြစ်တာကြောင့် Just A Line App ကို သင့်ဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ သင့်ဖုန်းထဲကနေ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 

App ကို Install လုပ်ပြီးတာနဲ့ သင် Just A Line ကို စတင်အသုံးပြုနိုင်ပါပြီ။ Just A Line ဟာ သင့်ဖုန်းမှာပါတဲ့ Camera ကိုအသုံးပြုပါတယ်။ Camera မှာမြင်နေရတဲ့ အရာတွေပေါ် မျဉ်းကြောင်းတွေကို သင်စိတ်ကြိုက် ရေးဆွဲနိုင်ပါတယ်။ သင်ဆွဲလိုက်တဲ့ပုံကို 360 ဒီဂရီ မြင်နိုင်တာကြောင့် ဖုန်းကို ဘေး ဘယ်၊ ညာရွေ့ပြီး ပတ်ကြည့်နိုင်ပါတယ်။ သင်ရေးဆွဲထားတဲ့ ပုံကို တစ်ခါတည်း Video လည်း ရိုက်ထားနိုင်ပါတယ်။ 

10. Google Photos

Application Store တွေမှာ Google Photos လို Application တွေအများကြီးရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် Google Photos ရဲ့ ထူးခြားချက်က Google Photos App ထဲမှာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို အကန့်အသတ်မရှိ အခမဲ့ သိမ်းဆည်းထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ 

Google Photos App တစ်ခုရှိရုံနဲ့ပဲ သင့် Photo တွေ Video တွေကို တစ်နေရာတည်းမှာ သိမ်းဆည်းထားနိုင်တော့မှာ ဖြစ်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ Google Drive လို Storage 15GB ကျော်ရင်လည်း ပိုက်ဆံပေးစရာမလိုပါဘူး။ သူ့ရဲ့နောက်ထပ်အားသာချက်တစ်ခုက Android မှာတင်မဟုတ်ပါဘူး၊ IOS နဲ့ Computer တွေပေါ်မှာလည်း ကောင်းစွာ အသုံးပြုနိုင်ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ အားလုံးအတွက် တကယ်ကို အသုံးဝင်နိုင်မယ့် Mobile App ၁၀ ခု အကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရေးသား ဖော်ပြထားတဲ့ ဒီဆောင်းပါးဟာ သင့်အတွက် ဗဟုသုတရမယ်၊ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ သင်သာ ဒီလိုဆောင်းပါးတွေကို အမြဲတမ်းဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ eWhale Myanmar Facebook Page ကို Like & Follow လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ သင့် အသိမိတ်ဆွေတွေထဲမှာလဲ နည်းပညာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားသူတွေ ရှိနေနိုင်တာမို့ ဒီ Post ကို Share ပြီး ဒါနကုသို့ ယူလိုက်ပါ။ အဆုံးထိဖတ်ပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ် ခင်ဗျ။

𝐂𝐚𝐥𝐥 𝐍𝐨𝐰 - 𝟎𝟗𝟒𝟑𝟏𝟖𝟔𝟕𝟐𝟓, 𝟎𝟗𝟗𝟔𝟑𝟖𝟐𝟓𝟗𝟒𝟗

𝐍𝐨.𝟗𝟒𝟓(𝐁), 𝐌𝐚𝐲𝐚𝐧𝐬𝐮 𝐒𝐭𝐫𝐞𝐞𝐭 / 𝐊𝐲𝐚𝐢𝐤 𝐖𝐢𝐧𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.