ကိုယ်တွေ ဟိုးခေတ်ငယ်ငယ်တုန်းက ပညာရပ်တစ်ခုခုကို သင်ချင်ရင် စာသင်ကျောင်း၊ သင်တန်း ကျူရှင်စတာတွေကို သွားရတယ်။ ဒီနေ့ခေတ်မှာကျတော့ Online ကနေပဲ သင်ယူလို့ရလာတဲ့ အနေအထား ကို ရောက်ရှိလာတာမို့လို့ ပညာရေးက ကိုယ်ရဲ့ လက်တကမ်းမှာရောက်ရှိနေပါပြီ။ ဒီတခါမျှဝေပေးချင်တာကတော့ အခုခေတ်မှာ မရှိမဖြစ်အသုံးဝင်လာတဲ့ Programming ဘာသာရပ်တွေကို Onlineပေါ်ကနေ Free လေ့လာလို့ရမယ့် Websites ၅ခုအကြောင်း ပြောပြပေးချင်လို့ပါ။
Codecademy
Codecademy က Programming တွေကို Free လေ့လာလို့ရတဲ့ Websites တွေထဲက ရေပန်းအစားဆုံး Website တစ်ခု ဖြစ်ပါတယ်။ Programming အခြေခံတွေကို လေ့လာနိုင်မယ့်အပြင် Web Development , PHP Develop နဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် သင်ယူလို့ရပါတယ်။ Codecademy က Programming ကို Online မှာ စစလေ့လာတဲ့သူတွေအတွက် မလွဲမသွေအသုံးဝင်တဲ့ Website တခုပါပဲ။ Codecademy က နေပြီးတော့ သင်ယူတတ်မြောက်သွားတဲ့ သင်တန်းသားပေါင်း 45 millions တောင်ရှိပါတယ်လို့ ဆိုထားပါတယ်။ Codecademy နဲ့ပတ်သတ်ပြီးအသေးစိတ်ကို အောက်က Link မှာ ဝင်ကြည့်လို့ရပါတယ်။ https://www.codecademy.com/
edX
edX website မှာဆိုရင် Computer Science နဲ့ပတ်သတ်တဲ့ Courses ပေါင်း ၁၇၀ ရှိပြီးတော့ Online ကနေ အခမဲ့ ပို့ချပေးနေပါတယ်။ed Xမှာသင်ကြားလို့ရတဲ့ Programming languages တွေကတော့ Python, Java, Cloud Computing, App Development, Information Technology စတာတွေပါ။ သင်ခန်းစာပြီးလို့ ကိုယ်က လတ်မှတ် လိုချင်တယ်ဆိုရင်တော့ အဲ့အတွက်ကို သတ်မှတ်ထားတဲ့ ပိုက်ဆံပမာဏ သွင်းဖို့လိုအပ်ပါတယ်။ https://www.edx.org/ ဒီ link မှာ ဝင်ကြည့်လို့ရပါတယ်။
The Odin Project
နောက်တခုကတော့ The Odin Project ။ ဒီsite က ဆိုရင်တော့ Web Developers တွေအတွက် ငွေတွင်း ရွှေတွင်းကြီးလို့ ဆိုရမတတ်ပါပဲ။ Web Development နဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေကို စိတ်ကြိုက် Free လေ့လာလို့ရပါတယ်။ The Odin Project မှာလေ့လာလို့ရတဲ့ သင်ခန်းစာတွေက Introduction to Web Development, Web Development 101, Ruby programming, Ruby on Rails, HTML5 and CSS3, JavaScript နဲ့ jQuery တို့ဖြစ်ပါတယ်။ https://www.theodinproject.com/
W3Schools
W3Schools မှာဆိုရင်တော့ Web Development နဲ့ဆိုင်တဲ့ References, Code Examples တွေနဲ့ လွယ်လွယ်ကူကူ နားလည်သဘောပေါက်စေမယ့် Tutorials တွေပါပါတယ်။ တကယ်လို့ ကိုယ်က Programming ကို အခြေခံကနေစပြီး လေ့လာမယ့်သူဆိုရင် ဒီ Websiteက Coding basic နဲ့ Website fundamental တွေကို နားလည်ဖို့အတွက် အပြည့်အဝအကူအညီပေးနိုင်ပါတယ်။ သူ့ဆီမှာ Free သင်ယူလို့ရမယ့် ဘာသာရပ်တွေကတော့ HTML and CSS, JavaScript,SQL, PHP, jQuery, Bootstrap တို့ပါ။ အသေးစိတ်ကို သိချင်ရင်တော့ အောက်က Link မှာဝင်ပြီးတော့ လေ့လာလို့ရပါတယ်။
Udacity
Udacity မှာဆိုရင် Nanodegree Coursesတွေရှိမယ်။ နောက်ပြီးတော့ Coding နဲ့ပတ်သတ်တဲ့ Coursesတွေကိုလည်း အခမဲ့ လေ့လာလို့ရပါတယ်။ သင်ခန်းစာနဲ့ပတ်သတ်ပြီး လေ့လာနေတုန်း အခက်အခဲတွေရှိရင် Discussion forum တွေက ကူညီပေးမှာမို့လို့ နားမလည်မှာကို သိပ်ပြီး စိုးရိမ်စရာမရှိပါဘူး ။ Android, Data Science, IOS, Software Engineering, Web Development courses တွေကို Udacity မှာ အခမဲ့ သင်ယူလို့ရပါတယ်။ဒီ့ထက်ပိုပြီး အသေးစိတ်ကိုတော့ https://www.udacity.com/မှာ ဝင်ပြီးတော့ လေ့လာကြည့်လို့ရပါတယ်နော်။
eWhale Myanmar - Mobile Application, Web Development & IoT Development Service
Call Now - " 09 788 668 611 "