အလွန်ကျယ်ပြန့်လှတဲ့ နည်းပညာနယ်ပယ်ဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး တိုးတက်ပြောင်းလဲလို့ရှိနေပါတယ်။ Online မှာ ဆိုရင်လည်း Website တွေက အများအပြား ဖြစ်လာတာမို့ Website အသစ်တစ်ခု စလုပ်ဖို့အတွက် စဉ်းစားရ ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။
ဒါပေမယ့် ကိုယ်က ဘယ်လိုမျိုးအရာကို ဦးစားပေးလုပ်ချင်လဲဆိုတဲ့ Scope ကို ချုံ့ပြီး စိတ်ထဲမှာရှိတဲ့အရာနဲ့ စိတ်ကူးကြည့်ခြင်းအားဖြင့် ကိုယ်က ဘယ်လို Website အမျိုးအစား ဖန်တီးချင်တာလဲဆိုတာကို စဉ်းစားရ ပိုမိုလွယ်ကူစေမှာပဲဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတာတွေကတော့ Online ပေါ်မှာ တွေ့ရများပြီး လူကြိုက်အများဆုံး Website အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Website တွေအားလုံးကတော့ အမျိုးအစားမတူညီကြသလို အားသာချက်တွေလည်း ကိုယ်စီရှိကြပါတယ်။ ကဲ ဒါဆိုရင် ကျွန်တော်တို့ eWhale Myanmar ကနေတင်ဆက်ပေးထားတဲ့ 'သင် သိထားသင့်တဲ့ website အမျိုးအစား ၁၂ ခု' ကို လေ့လာကြည့်လိုက်ကြရအောင်။
1. E-commerce Website
Website တစ်ခုမှာ ကုန်ပစ္စည်းတွေကို Credit Card အသုံးပြုပြီး တိုက်ရိုက်ဝယ်ယူနိုင်မယ်ဆိုရင် အဲ့ဒီ Website ကို E-commerce Website လို့ သတ်မှတ်နိုင်ပါတယ်။ Shopping Cart ပါပြီး Credit Card နဲ့ငွေပေးချေလို့ရနိုင်တဲ့ မည်သည့် Website မဆို E-commerce Website အမျိုးအစားထဲ ပါဝင်ပါတယ်။ shop.com.mm လို E-commerce Website ကြီးတွေရှိသလို အခုမှ စတင်လုပ်ဆောင်နေတဲ့ E-commerce Startup Website တွေလည်းရှိနေပါတယ်။
လူကြီးမင်းဟာ ကုန်ပစ္စည်းတွေကို Website ကနေ ရောင်းချပြီး စီးပွားရေးလုပ်ချင်တယ်ဆိုရင်တော့ E-commerce Website ကို လိုအပ်နေတယ်ဆိုတာ သေချာပါပြီ။ E-commerce Website တည်ဆောက်ဖို့အတွက်ဆိုရင်တော့ E-commerce software တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံတာ၊ ဒါမှမဟုတ် ဝယ်သူတွေ စိတ်ချယုံကြည်စွာငွေပေးချေနိုင်ဖို့အတွက် SSL Certificate ရှိဖို့ စတဲ့ တချို့ အရာတွေတော့ လိုအပ်ပါတယ်။
ပြီးတော့ Website ရဲ့ အပြင်အဆင်မှာလည်း E-commerce Website ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပစ္စည်းတွေ ရောင်းချတယ်ဆိုတဲ့ပုံ ပေါ်လွင်နေသင့်ပါတယ်။
2. Business Website
Website တစ်ခုက အပြင်မှာ ရှိနေပြီးသား စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေတူနေမယ်၊ ကမ်းလှမ်းထားတဲ့ ဝန်ဆောင်မှုတွေတူနေမယ်၊ အသုံးပြုထားတဲ့ Logo တွေတူနေမယ်၊ ပြီးတော့ ရှိနေပြီးသား စီးပွားရေးကို ကိုယ်စားပြုမယ်ဆိုရင် အဲ့ဒီ Website ကို Business Website လို့ သတ်မှတ်နိုင်ပါတယ်။
အခုခေတ်မှာဆိုရင် Customer တော်တော်များများက ကိုယ့်ကုမ္ပဏီ သို့ ကုန်ပစ္စည်း တစ်ခုခု အကြောင်းသိချင်ပြီဆိုရင် Google မှာ ရိုက်ပြီး ရှာတတ်ကြပါတယ်။ Google မှာကိုယ့်ရဲ့ Business Website က ရှိမနေရင် ဈေးဝယ်သူတွေက ဒီကုမ္ပဏီ (သို့မဟုတ်) ကုန်ပစ္စည်းက အစစ်အမှန်မဟုတ်သလိုလို၊ တရားဝင် မဟုတ်သလိုလို ထင်ယောင်ထင်မှား ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတိုင်းမှာ Business Website က ရှိကိုရှိနေသင့်ပါတယ်။
E-commerce Website တွေကိုလည်း Business Website တစ်မျိုးအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် Business Website မှာပစ္စည်းတွေကို တိုက်ရိုက်ရောင်းချတာမျိုးမဟုတ်ပဲ ကုမ္ပဏီ (သို့) ကုန်ပစ္စည်းရဲ့အကြောင်းကို ခင်းကျင်း ဖော်ပြထားတာကလည်း Customer တွေအတွက် တမျိုး စိတ်ဝင်စားဖို့ကောင်းစေပါတယ်။
3. Entertainment Website
Internet ကိုအသုံးပြုပြီဆိုရင် ကျွန်တော်တို့အများစုဟာ ဖျော်ဖြေရေးသီးသန့်အတွက် သွားကြည့်တတ်တဲ့ Website တစ်ခုခုတော့ရှိနေနိုင်ပါတယ်။ ဒီလို Website တွေကလည်း E-commerce Website နဲ့Business Website လိုမျိုး ပိုက်ဆံရှာလို့ရတယ်ဆိုပေမယ့် ပစ္စည်းရောင်းတာ၊ ဝန်ဆောင်မှုပေးတာမျိုးနဲ့ မဟုတ်ပဲ Website Page မှာ ပေါ်ပေါ်လာတတ်တဲ့ ကြော်ငြာတွေကနေ အများဆုံး ပိုက်ဆံယူတာပါ။
သင်က Entertainment Website တစ်ခု စတင်လုပ်ချင်တယ်ဆိုရင်တော့ လုပ်လို့ရတဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဟာသ Video တွေ၊ ဗဟုသုတရစေမယ့် Video တွေ၊ စာရေးတာ၊ ပုံဆွဲတာ စတဲ့ အရာတွေ လုပ်လို့ရပါတယ်။
Entertainment website တွေက Content ကောင်းရင် ကောင်းသလို ပိုက်ဆံများများပိုရနိုင်တာကြောင့် ပိုက်ဆံရှာလို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
4. Portfolio Website
Portfolio Website တွေကိုတာ့ ဝန်ဆောင်မှုပေးတဲ့ Professional တွေ (သို့) Agency တွေ အများဆုံး အသုံးပြုကြပါတယ်။ Portfolio Website တွေဟာ အရင်တုန်းကလုပ်ထားတဲ့ အလုပ် (သို့) အတွေ့အကြုံတွေကို ပြသချင်လို့ပဲ ဖြစ်ပါတယ်။
ဝန်ဆောင်မှုလုပ်ငန်းသမားတွေကတော့ Customer ဖြစ်နိုင်ချေ ရှိတဲ့သူတွေကို သူတို့ရဲ့ အရည်အသွေးကို ပြပြီး ဆွဲဆောင်နိုင်ဖို့အတွက် အရင်တုန်းက လုပ်ခဲ့တဲ့ သူတို့ရဲ့အကောင်းဆုံးလက်ရာတွေကို Portfolio Website မှာ ဖော်ပြလေ့ရှိပါတယ်။ Portfolio Website က Business Website ထက် လုပ်ရပိုလွယ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ လက်ရာတွေကို စုစည်းပြသဖို့ပဲ ဖြစ်ပါတယ်။
ဒီလို Portfolio Website ကို Creative Professionals တွေနဲ့ Freelancer တွေက အသုံးများကြပါတယ်။ ကိုယ့်ရဲ့ Business က ဝန်ဆောင်မှုပေးတာမျိုးဆိုရင် ဒီ Portfolio Website ကို Business Website အနေနဲ့ အသုံးပြုလို့ရပါတယ်။
5. Media Website
Media Website တွေမှာတော့ သတင်းတွေကို စုစည်းပြီး ထုတ်ပြန်ကြေညာကြပါတယ်။ ဒီနေရာမှာ Media Website နဲ့ Entertainment Website တူတယ်လို့ ထင်မိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် Media Website တွေမှာကထုတ်ပြန်ကြေညာချက်တွေ၊ လက်တလောဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို အဓိကဖော်ပြတာဖြစ်ပြီး Entertainment Website မှာကတော့ ဖျော်ဖြေရေးသက်သက်သာ ဖြစ်ပါတယ်။ Eg. Mizzima, BBC News.
Media website တွေကတော့ Website မှာ ပေါ်လာတဲ့ ကြော်ငြာတွေ၊ Subscribe လုပ်တာတွေစတာတွေကနေ ဝင်ငွေရှာလို့ရနိုင်ပါတယ်။ Media Website အများစုက TV Channel တွေ၊ Magazine တွေ၊ သတင်းစာတွေကနေ ချဲ့ထွင်လုပ်ဆောင်တာ ဖြစ်ပြီး တချို့ကတော့ Online သီးသန့်ပဲ လုပ်ကြပါတယ်။
6. Brochure Website
Brochure Website တွေက Business Website ကို အရိုးရှင်းဆုံး ပုံစံ လုပ်ထားတာပဲ ဖြစ်ပါတယ်။ Online မှာ Website ရှိရမယ်ဆိုတာတော့ သိတယ်၊ ဒါပေမယ့် အရမ်းရင်းနှီးမြှပ်နှံမှု မလုပ်ချင်တဲ့ သူတွေကတော့Brochure Website ကို သုံးပါတယ်။
Brochure Website တွေမှာတော့ အခြေခံဖြစ်တဲ့ ကိုယ်ဘာလုပ်တယ်ဆိုတာရယ်၊ ပြီးတော့ ကိုယ့်ကို ဆက်သွယ်လို့ရတဲ့ နံပါတ်တွေရယ်ကိုပဲ ရေးထားရင် လုံလောက်ပါပြီ။ Brochure Website ကို Online Business Card လို့လည်း ဆိုနိုင်ပါတယ်။
Internet စပေါ်စတုန်းက စီးပွားရေးလုပ်ငန်းတွေဟာ Brochure Website ကို အသုံးများခဲ့ကြပေမယ့် ဒီနေ့ဒီအချိန်မှာတော့ အသုံးနည်းလာခဲ့ပါပြီ။
7. Nonprofit Website
Business တွေမှာ Website လိုအပ်သလို Nonprofit Organization တွေမှာလည်း Website လိုအပ်ပါတယ်။ Nonprofit Website တွေဟာ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် အလှူငွေကောက်ခံလို့ရတဲ့ နေရာပါ။ သင်ကNonprofit Website တစ်ခု စချင်တယ်ဆိုရင် Website မှာ Visitor များများရပြီး သမာသမတ်ကျဖို့ Website ရှိဖို့က အရေးကြီးပါတယ်။
Website ပေါ်မှာ ကိုယ့် အသင်းအဖွဲ့ရဲ့ လုပ်နေဆဲအရာတွေ၊ စီစဉ်ပေးခဲ့တဲ့အရာတွေကို ဖော်ပြပြီး အလှူရှင်တွေကို ဆွဲဆောင်လို့ ရပါတယ်။ ဒါပေမယ့် Nonprofit အတွက်ဆိုရင်တော့ လိုအပ်တဲ့ အချက် အနည်းငယ်ရှိပါတယ်။ အလှူရှင်တွေ ငွေကို လုံလုံခြုံခြုံနဲ့ ယုံကြည်စိတ်ချစွာပေးနိုင်ဖို့နဲ့ Credit Card ထဲက Payment တွေ လက်ခံလို့ရအောင် Account တစ်ခု ဖွင့်ထားဖို့တော့လိုပါတယ်။
8. Education Website
ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ Online Course တွေတင်ပေးတဲ့ Website တွေက Educational Website ထဲမှာ အကျုံးဝင်ပါတယ်။ ဒီ Website တွေကတော့ လာရောက်ကြည့်ရှုသူတွေအတွက် ပညာရပ်ဆိုင်ရာဗဟုသုတတွေရဖို့တစ်ခုခုပေးတာမျိုး၊ ပညာရေး အဖွဲ့အစည်း နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်ရန် လိပ်စာ စတာတွေကို ဖော်ပြဖို့အတွက် အများဆုံးသုံးကြပါတယ်။
တချို့ Educational Website တွေမှာတော့ Entertainment တို့ Media Website တို့မှာပါတတ်တဲ့ ကြောငြာ တွေ တစ်ခါတစ်ရံ တွေ့ရနိုင်ပါတယ်။ တချို့တွေကတော့ Website မှာ Subscribe လုပ်ခိုင်းတာတို့၊ ပညာရပ်ဆိုင်ရာ ပစ္စည်းရောင်းတာ စတာတွေကို လုပ်လေ့ရှိကြတယ်။ တချို့ကျတော့လည်း အပြင်မှာရှိပြီးသား ပညာရပ်ဆိုင်ရာ တက္ကသိုလ် တစ်ခုခု အတွက် Website တွေ ပြုလုပ်လေ့ရှိကြပါတယ်။
9. Infopreneur Website
Infopreneur Website ကတော့ Business Website, E-commerce Website တို့နဲ့ နည်းနည်း ဆင်တူပါတယ်။ ဒါပေမယ့် Infopreneur Website တွေကတော့ သတင်းအချက်အလက်နဲ့ ပတ်သက်တာတွေကို ဖန်တီးပြီးတော့ ရောင်းချတဲ့ Website တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရောင်းချတဲ့အခါ Course တွေ ဖြစ်နိုင်သလို Tutorial တွေ၊ Video တွေ၊ E-book တွေလည်း ဖြစ်နိုင်ပါတယ်။ Infopreneur တွေက သူတို့ရဲ့ Product တွေကို Website မှာလာရောက်ကြည့်ရှုသူတွေ ဝယ်နိုင်ဖို့အတွက် နည်းအမျိုးမျိုးသုံးပြီး စည်းရုံးဆွဲဆောင်ဖို့တော်တော် ကြိုးစား အားထုတ်ကြရပါတယ်။
Product တွေကို ရောင်းချရာမှာလည်း ဝယ်သူတွေ အဆင်ပြေပြေဝယ်နိုင်ဖို့ နဲ့ ယုံကြည်စိတ်ချစွာ ငွေပေးချေနိုင်ဖို့ E-commerce Website တွေမှာ သုံးတဲ့ ပစ္စည်းတွေ လိုအပ်ပါတယ်။ Infopreneur Website တွေမှာဆိုရင် Free Content နဲ့ Premium Content ဆိုပြီး နှစ်မျိုး ရောထားတတ်ကြပါတယ်။ Free Content တွေက Website လာရောက်ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်မယ့် Marketing ပစ္စည်း တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Infopreneur တွေမှာ Website ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။
10. Personal Website
Personal Website တွေကို လေ့လာကြည့်ခြင်းအားဖြင့်ကမ္ဘာပေါ်မှာရှိတဲ့ Website တိုင်းဟာ ဝင်ငွေရှာဖို့တည်ဆောက်ထားတာ မဟုတ်ဘူးဆိုတာကို နားလည်လာနိုင်ပါတယ်။ တချို့လူတွေက သူတို့ရဲ့ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေကိုကမ္ဘာကသိအောင် ချပြချင်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ နည်းပညာရဲ့ အကျိုးကျေးဇူးကို နားလည်သူတွေကတော့ Personal Website တွေတည်ဆောက်ပြီး သူတို့ရဲ့ တန်ဖိုးရှိတဲ့ လက်ရာတွေကို အဲ့ဒီ Website တွေမှာ ချပြကြပါတယ်။ Personal Blogs, Vlogs နဲ့ Photo Diaries တွေဟာလည်း Personal Website ကဏ္ဍထဲမှာ အကျုံးဝင်ပါတယ်။
တစ်ချို့အနုပညာရှင်တွေကတော့ ကြည့်ရှုသူတွေများလာတဲ့အခါ သူတို့ရဲ့ Personal Website ကို ဝင်ငွေရှာတဲ့ Website အဖြစ်ပြောင်းလဲတတ်ကြပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ သူတို့ရဲ့ ခံစားချက်တွေ၊ သဘောထားတွေနဲ့ သူတို့ရဲ့ အနုပညာလက်ရာတွေကိုပဲ သူတို့ရဲ့ Website မှာ ဆက်လက်ဖော်ပြနေမှာဖြစ်ပါတယ်။
Personal Website တစ်ခုတည်ဆောက်ခြင်းဟာအပေါ်မှာဖော်ပြခဲ့တဲ့ Website အမျိုးအစားတွေနဲ့ နိုင်းယှဉ်ကြည့်မယ်ဆိုရင် သူ့ရဲ့အဓိက ရည်ရွယ်ချက်က ကိုယ်ပိုင်အနုပညာဖန်တီးမှုတွေကို ချပြဖို့ပဲ ဖြစ်တဲ့အတွက်ကြောင့် အလွယ်ကူဆုံးလို့ သတ်မှတ်နိုင်ပါတယ်။
11. Web Portal
Web Portal ဟာဆိုရင်တော့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ၊ ကျောင်းတွေ အစရှိတဲ့ နေရာတွေမှာ အရေးကြီးတဲ့ အတွင်းရေး ကိစ္စတွေအတွက် အသုံးများပါတယ်။ အပြင်မှာရှိနေတဲ့ သတင်းအချက်အလက်တွေ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေအပါအဝင်လိုအပ်တဲ့ Data မှန်သမျှကို တစ်နေရာတည်းကနေ ရယူနိုင်အောင် ပြုလုပ်ထားတဲ့သဘောပါ။ များသောအားဖြင့် Web Portal ထဲကိုဝင်ကြည့်ဖို့အတွက်Username, Password တွေကို အသုံးပြုပြီး Login ဝင်ရပါတယ်။ User Role တွေခွဲပေးထားတဲ့ အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် Web Portal ထဲမှာ မြင်တွေ့ရတဲ့ View ကတူညီမှာ မဟုတ်ပါဘူး။
Web Portal ဟာ အပေါ်မှာဖော်ပြခဲ့တဲ့ Website အမျိုးအစားတွေထက်အလွန်ကိုရှုပ်ထွေးပါတယ်။ သူ့မှာပါတဲ့ Design တွေကလည်း တခြား Website အမျိုးအစားတွေထက် ထူးခြားပါတယ်။တကယ်လို့ သင်သာ Web Portal တစ်ခု တည်ဆောက်ချင်ရင်တော့ သေချာပါတယ် အတွေ့အကြုံများပြီး၊ အရည်အချင်းရှိတဲ့ Programmer တစ်ယောက် (သို့) တစ်ဖွဲ့ လိုပါလိမ့်မယ်။
12. Wiki or Community Forum Website
Wiki လို့ကြားလိုက်တာနဲ့ သင် Wikipedia ကို ပြေးမြင်ပါလိမ့်မယ်။ ဒါပေမယ့် Wiki ဆိုတာ Wikipedia တစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။ တကယ်တော့ Wiki ကို ဘယ်ကဏ္ဍအတွက်မဆို ဖန်တီးလို့ရပါတယ်။ တိုတိုနဲ့လိုရင်းကိုပြောရမယ်ဆိုရင် Website တစ်ခုမှာ User တိုင်း လွတ်လွတ်လပ်လပ်ဝင်ရောက် Edit လုပ်နိုင်မယ် content တွေဖန်တီးနိုင်မယ်ဆိုရင် အဲ့ဒီ website ကို Wiki အမျိုးအစားထဲမှာ ထည့်သွင်းနိုင်ပါတယ်။ Fan Community တွေ၊ Business Resource တွေနဲ့ လူတိုင်းအတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ အစရှိတဲ့ ကဏ္ဍတွေအတွက် Wiki ကို အသုံးပြုနိုင်ပါတယ်။
သင်သာ Wiki တစ်ခုကို စတင်အကောင်အထည်ဖော်ချင်တယ်ဆိုရင် အစကနေ code တွေရေးပြီးပြုလုပ်တာထက် ရှိနေပြီးသား Software တစ်ခုကိုအသုံးပြုတာ၊ ဒါမှမဟုတ် Wiki Site Builder ကိုအသုံးပြုတာက ပိုအဆင်ပြေပါလိမ့်မယ်။
အပေါ်မှာ ဖော်ပြခဲ့တာကတော့ သင် သိထားသင့်တဲ့ Website အမျိုးအစား ၁၂ ခု ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်းပါးလေးကိုဖတ်ပြီး သင် ဗဟုသုတ အသစ်တွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဆောင်းပါးလေးတွေကို ဆက်လက်ဖတ်ရှုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ eWhale Myanmar Facebook Page ကို Like & Follow လေးလုပ်ထားဖို့ တိုက်တွန်းလိုပါတယ်။ သင့်သူငယ်ချင်းတွေလည်း နည်းပညာကိုသင့်လိုစိတ်ဝင်စားနိုင်တာကြောင့် ဒီ Post လေးကို Share လိုက်ပါ။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်ဆုံကြမယ်နော်…။
eWhale Myanmar - Mobile Application, Website & IoT Development Services
Call Now! - " 09 788 668 611 "