technology new technology new

JavaScript အကြောင်း တစေ့တစောင်း


eWhale Myanmar
javascript-knowledge

မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ခါ သင့်အတွက် ကျွန်တော်တို့ eWhale Myanmar ကနေယူဆောင်လာတာကတော့ ‘JavaScript အကြောင်း တစေ့တစောင်း’ ဆိုတဲ့ စိတ်ဝင်စားစရာ နည်းပညာတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ 

JavaScript ဟာ Web Development နယ်ပယ်မှာ လူသုံးများတဲ့ Programming Language တစ်ခုဖြစ်ပြီး၊ သူ့ကို Client Side Scripting Language လို့လည်း လူသိများကြပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ စစ်တမ်းတွေအရ JavaScript ဟာ သတ္တမမြောက် (နံပါတ် ၇) လူကြိုက်အများဆုံး Programming Language တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလို ဘက်စုံအသုံးပြုနိုင်တဲ့ စိတ်ဝင်စားဖွယ် JavaScript အကြောင်းကို အောက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။ 

JavaScript ဆိုတာဘာလဲ?

JavaScript ဆိုတာ ၁၉၉၅ ခုနှစ်မှာ အမေရိကန်နိုင်ငံသား Programmer တစ်ယောက်ဖြစ်တဲ့ Brendan Eich ရေးဆွဲခဲ့တဲ့ Scripting Language တစ်ခုဖြစ်ပါတယ်။ JavaScript ကို စတင် Develop လုပ်တုန်းက သူ့အမည်ဟာ Mocha ဖစ်ပြီး နောက်ပိုင်းမှ JavaScript လို့ အမည်ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ JavaScript ကို Website တွေဖန်တီးတဲ့အခါအသုံးပြုနိုင်သလို၊ Mobile Application, Game နဲ့ Desktop Widgets တွေ ဖန်တီးတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။ JavaScript Code တွေကို Web ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် တစ်နည်းအားဖြင့် သူ့ကို အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း Client Side Scripting Language လို့လည်း ခေါ်လေ့ရှိပါတယ်။ သူ့ရဲ့အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး တစ်ချက်ကတော့ အခမဲ့ Download ဆွဲနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူအများစုဟာ JavaScript ကို Java နဲ့ အတူတူပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ JavaScript နဲ့ Java ဟာ လုံးဝမတူပါဘူး။ တစ်နည်းအားဖြင့် JavaScript ကို Object Based Scripting Language လို့သတ်မှတ်နိုင်ပြီး Java ကို Object Oriented Programming Language လို့သတ်မှတ်နိုင်ပါတယ်။ 

ဘာကြောင့် JavaScript ကို လူကြိုက်များပြီး၊ အလွန်ကောင်းတဲ့ Scripting Language တစ်ခုလို့ ပြောနိုင်တာလဲ?

- ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အကြီးကျယ်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ Wordpress လို Content Management System တစ်ခုကတောင် JavaScript ကို သူတို့ရဲ့ အရေးအကြီးဆုံး Programming Language တွေထဲက တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။

- ကမ္ဘာ့လူသုံးအများဆုံး Search Engine တစ်ခုဖြစ်တဲ့ Google ဟာလည်း JavaScript ကို အသုံးပြုလျက်ရှိနေပါတယ်။ 

- လေ့လာတွေ့ရှိချက်တွေအရ Online ပေါ်မှာရှိနေတဲ့ ၉၄.၅ % သော Website တွေဟာ JavaScript ကို အသုံးပြုကြတယ်လို့ သိရပါတယ်။ 
JavaScript File ဆိုတာဘာလဲ?

- JavaScript File ထဲမှာ စာသားတွေကို ရိုးရိုးရှင်းရှင်းရေးသားနိုင်သလို JavaScript Code တွေကိုလည်း ရေးသားနိုင်ပါတယ်။

- JavaScript File တွေရဲ့ Extension ကတော့ '.js' ပဲဖြစ်ပါတယ်။

- JavaScript Code တွေကို Head Element (သို့) Body Element တွေကြားမှာလည်း ရေးသားနိုင်ပါတယ်။ 

JavaScript ကို အသုံးပြုပြီး ဘာတွေ ပြုလုပ်နိုင်ပါသလဲ?

- JavaScript ကိုအသုံးပြုပြီးတော့ Dynamic Page Content (လှုပ်လှုပ်ရွရွ ပုံစံ) တွေကို ဖန်တီးနိုင်ပါတယ်။

- Website တွေနဲ့ Game တွေကို ဖန်တီးနိုင်ပါတယ်။ 

- Mobile Application တွေ Develop လုပ်ဖို့အတွက်လည်း JavaScript ကို အသုံးပြုနိုင်ပါတယ်။

- JavaScript ကို Backend Services (Server Side) အတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

- Smartwatch အတွက် Apps နဲ့ Game တွေကိုလည်း Develop လုပ်နိုင်ပါတယ်။

- JavaScript ကို အသုံးပြုပြီး Desktop App တွေနဲ့ Widget တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဒါဆို JavaScript ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?

- JavaScript ကို Windows, Linux, Unix, Mac OS X တို့အပါအဝင် အခြား Platform တွေမှာလဲ အသုံးပြုနိုင်ပါတယ်။

- JavaScript ဟာ ၂၁ ရာစုမှာလူသုံးများတဲ့ Browser တွေနဲ့လည်း လိုက်ဖက်မှုရှိနေပါတယ်။ (E.g. Chrome, Safari, Firefox etc.)

- PHP ဟာ အခမဲ့ Scripting Language တစ်ခုလည်းဖြစ်ပါတယ်။

- JavaScript ဟာ လေ့လာရလွယ်ကူပြီး Client Side မှာ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ပါတယ်။

ထွက်ရှိထားသမျှ JavaScript Version တွေကတော့

- JavaScript ရဲ့ ပထမဦးဆုံး Version ကို ၁၉၉၇ ခုနှစ်မှာ ECMAScript 1 အမည်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ 

- ဒုတိယ Version ကိုတော့ ၁၉၉၈ ခုနှစ်မှာ ECMAScript 2 အမည်နဲ့ မိတ်ဆက်ခဲ့ပါတယ်။

- ၁၉၉၉ ခုနှစ်မှာ ECMAScript 3 ကိုမိတ်ဆက်ခဲ့ပါတယ်။

- ECMAScript 4 ကို ကျော်ပြီး ၂၀၀၉ ခုနှစ်မှာ ECMAScript 5 (JS ES5) ကို မိတ်ဆက်ခဲ့ပါတယ်။

- ECMAScript 6 (JS ES6) ကို ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး သူဟာ JavaScript ရဲ့ နောက်ဆုံး Version အနေနဲ့ ရှိနေပါတယ်။ (ECMAScript ကို ES လို့လည်း အတိုကောက် ခေါ်လေ့ရှိပါတယ်။)

𝐂𝐚𝐥𝐥 𝐍𝐨𝐰 - 𝟎𝟗𝟒𝟑𝟏𝟖𝟔𝟕𝟐𝟓, 𝟎𝟗𝟗𝟔𝟑𝟖𝟐𝟓𝟗𝟒𝟗

𝐍𝐨.𝟗𝟒𝟓(𝐁), 𝐌𝐚𝐲𝐚𝐧𝐬𝐮 𝐒𝐭𝐫𝐞𝐞𝐭 / 𝐊𝐲𝐚𝐢𝐤 𝐖𝐢𝐧𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.