technology new technology new

PHP အကြောင်း တစေ့တစောင်း


eWhale Myanmar
abrief_about_php

PHP အကြောင်း တစေ့တစောင်း

အားလုံး မင်္ဂလာပါခင်ဗျာ။ ဒီနေ့ eWhale Myanmar က သင့်အတွက် ယူဆောင်လာတာကတော့ PHP အကြောင်း တစေ့တစောင်း ဆိုတဲ့ စိတ်ဝင်စားစရာ နည်းပညာတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။  

Web Development နယ်ပယ်မှာ လူသုံးများတဲ့ ဒီ Programming Language ကို Server Side Language အဖြစ်လူသိများကြပါတယ်။ Server Side Language တွေအများကြီးရှိနေတာတောင် PHP ကိုမှ လူတွေဘာကြောင့် ပိုသုံးကြတာလဲ၊ ပိုကြိုက်ကြတာလဲ? ဒါကတော့ တကယ်စိတ်ဝင်စားစရာပါ။ ကဲ ဒါဆို PHP မှာ သူများနဲ့ မတူတဲ့ ဘယ်လိုထူးခြားချက်တွေရှိတယ်ဆိုတာကို ကျွန်တော်တို့ အတူတူ လေ့လာကြည့်လိုက်ကြရအောင်.….။ 

PHP ဆိုတာဘာလဲ?

PHP ကို ၁၉၉၅ ခုနှစ်မှာ ဒိန်းမတ်-ကနေဒါနိုင်ငံသား Programmer တစ်ယောက်ဖြစ်တဲ့ Rasmus Lerdorf ရေးဆွဲခဲ့တဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ PHP ဆိုတာ စာလုံးစု (Acronym) တစ်ခုဖြစ်ပြီး သူ့ရဲ့အရှည်ကတော့ ‘PHP: Hypertext Preprocessor’ ပဲဖြစ်ပါတယ်။ PHP ဆိုတာ Web Programming သမားတွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့ Open Source Scripting Language တစ်ခုလည်းဖြစ်ပါတယ်။ PHP Script တွေကို Client ရဲ့ Server မှာပဲအလုပ် (Execute) လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် တစ်နည်းအားဖြင့် သူ့ကို အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း Server Side Language လို့လည်း ခေါ်လေ့ရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး တစ်ချက်ကတော့ အခမဲ့ Download ရယူနိုင်တာပဲဖြစ်ပါတယ်။ 

ဘာကြောင့် PHP ကို လူကြိုက်များပြီး၊ အလွန်ကောင်းတဲ့ Programming Language တစ်ခုလို့ ပြောနိုင်တာလဲ?

- ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အကြီးကျယ်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ Wordpress လို Content Management System တစ်ခုကတောင် PHP ကို သူတို့ရဲ့ အရေးအကြီးဆုံး ပင်မ Programming Language တစ်ခုအဖြစ်အသုံးပြုကြပါတယ်။
- ကမ္ဘာ့လူသုံးအများဆုံး Social Network တစ်ခုဖြစ်တဲ့ Facebook ဟာဆိုရင်လည်း PHP ကို အသုံးပြုလျက်ရှိနေပါတယ်။
- နောက်တစ်ခုက PHP ဟာ Programming ကို စတင်လေ့လာသူ (Beginners)တွေ အတွက်လည်း အလွယ်ကူဆုံး Programming Language တစ်ခုဖြစ်ပါတယ်။

PHP file ဆိုတာဘာလဲ?

- PHP File တွေထဲမှာ စာသားတွေကို ရိုးရိုးရှင်းရှင်းရေးသားနိုင်သလို HTML, CSS, JavaScript နဲ့ PHP Code တွေကို ရေးသားနိုင်ပါတယ်
- PHP Code တွေကို Server ပေါ်မှာ အလုပ်လုပ်စေပြီး ရလဒ်ကို ကြည့်ရှုသူရဲ့ Browser ပါ်မှာ ဖော်ပြပေးပါတယ်။
- PHP File တွေရဲ့ Extension ကတော .php ပဲဖြစ်ပါတယ်။ 

PHP ကို အသုံးပြုပြီး ဘာတွေ ပြုလုပ်နိုင်ပါသလဲ?

- PHP ကိုအသုံးပြုပြီးတော့ Dynamic Page Content (လှုပ်လှုပ်ရွရွ ပုံစံ) တွေကို ဖန်တီးနိုင်ပါတယ်။
- PHP ကိုအသုံးပြုပြီးတော့ Server ပေါ်မှာတင် File တွေကို ဖန်တီးနိုင်၊ ဖွင့်နိုင်၊ ဖတ်နိုင်၊ ရေးနိုင်၊ ဖျက်နိုင်ပြီး ပိတ်လည်းပိတ်နိုင်ပါတယ်။
- PHP ကိုအသုံးပြုပြီးတော့ Form Data တွေကိုလည်း စုဆောင်း ရယူနိုင်ပါတယ်။
- PHP ကိုအသုံးပြုပြီးတော့ Cookies တွေကိုလည်း လက်ခံနိုင်၊ ပို့ပေးနိုင်စွမ်းရှိနေပါတယ်။
- PHP ကိုအသုံးပြုပြီးတော့ သင့် Database ထဲမှာရှိတဲ့ Data တွေကိုလည်း ပေါင်းထည့်နိုင်၊ ဖျက်နိုင်သလို အဆင့်မြင့်နိုင်စွမ်းလည်းရှိနေပါတယ်။
- PHP ကိုအသုံးပြုပြီးတော့ User-access ကိုလည်း ထိမ်းချုပ်နိုင်ပါတယ်။
- PHP ကိုအသုံးပြုပြီးတော့ သင့်ရဲ့ Data တွေကို လုံခြုံအောင် ပြုလုပ်နိုင်ပါတယ်။ 

ဒါဆို PHP ကို ဘာကြောင့် ရွေးချယ်သင့်တာလ?

- PHP ကို Windows, Linux, Unix, Mac OS X တို့အပါအဝင် အခြား Platform တွေမှာလဲ အသုံးပြုနိုင်ပါတယ်။
- PHP ဟာ ၂၁ ရာစုမှာလူသုံးများတဲ့ Server အများစုနဲ့လည်း လိုက်ဖက်မှုရှိနေပါတယ်။ (E.g. Apache, IIS, etc.)
- PHP ကိုအသုံးပြုပြီးတော့ Database တွေ အမြောက်အများ ဆောက်လုပ်နိုင်ပါတယ်။
- PHP ဟာ အခမဲ့ Server Side Language တစ်ခုဖြစ်ပြီး သူ့ကို သူ့ရဲ့ Official Website  မှာ သွားရောက်ပြီး Download ရယူနိုင်ပါတယ်။
- PHP ဟာ လေ့လာရလွယ်ကူပြီး Server Side မှာ ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်နိုင်ပါတယ်။ 

ထွက်ရှိထားသမျှ PHP Version တွေကတော့...

- ပထမဆုံး version ကို PHP Tools (Personal Home Page Tools) အမည်နဲ့ ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
- ဒုတိယ version ကို PHP/FI 2.0 အမည်နဲ့ ၁၉၉၇ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။
- တတိယ version ကို PHP 5 အမည်နဲ့ ၂၀၀၄ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။
- PHP 6 ကို ၂၀၀၅ ခုနှစ်ကတည်းက စတင် လုပ်ဆောင်ခဲ့ပေမယ့် တရားဝင်မိတ်ဆက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
- နောက်ဆုံး version ဖြစ်တဲ့ PHP 7 ကို ၂၀၁၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ Web Development ကို စိတ်ဝင်စားသူတွေ၊ လုပ်ကိုင်နေသူတွေ မဖြစ်မနေသိထားသင့်တဲ့ PHP Programming Language အကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရေးသား ဖော်ပြထားတဲ့ ဒီဆောင်းပါးဟာ သင့်အတွက် ဗဟုသုတရမယ်၊ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ သင်သာ ဒီလိုဆောင်းပါးတွေကို အမြဲတမ်းဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ eWhale Myanmar Facebook Page ကို Like & Follow လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ သင့် အသိမိတ်ဆွေတွေထဲမှာလဲ နည်းပညာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားသူတွေ ရှိနေနိုင်တာမို့ ဒီ Post ကို Share ပြီး ဒါနကုသို့ ယူလိုက်ပါ။ အဆုံးထိဖတ်ပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ မကြာခင်ပြန်ဆုံတွေ့ဖို့ မျှော်လင့်ပါတယ် ခင်ဗျ။ 

𝐂𝐚𝐥𝐥 𝐍𝐨𝐰 - 𝟎𝟗𝟒𝟑𝟏𝟖𝟔𝟕𝟐𝟓, 𝟎𝟗𝟗𝟔𝟑𝟖𝟐𝟓𝟗𝟒𝟗
𝐍𝐨.𝟗𝟒𝟓(𝐁), 𝐌𝐚𝐲𝐚𝐧𝐬𝐮 𝐒𝐭𝐫𝐞𝐞𝐭 / 𝐊𝐲𝐚𝐢𝐤 𝐖𝐢𝐧𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.