အလွန်တိုးတက်မှုမြန်ဆန်တဲ့ နည်းပညာခေတ်ကြီးမှာ အင်တာနက်(Internet) ကို အသုံးပြုပြီး အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရှိသလို မိမိလိုအပ်တာကို ရှာဖွေ၊ လေ့လာပြီး ပညာသင်ယူနေသူတွေလည်းရှိနေပါတယ်။ Internet ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်တဲ့ Website တွေဟာဆိုရင်လည်း ဒီနေ့ခေတ်မှာ အလွန်ကို အရေးပါ၊ အရာရောက်တဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
လူတွေ Website ကို ဘာကြောင့် အသုံးပြုကြတာလဲ?
၁။ သတင်းအချက်အလက်တွေရှာဖို့ (Gather Information)
လူပုဂ္ဂိုလ်အများစုဟာ Internet ကိုအသုံးပြုပြီး Website မှတစ်ဆင့် သူတို့အလိုရှိတဲ့ သတင်းအချက်အလက်တွေကို စုစည်းတတ်ကြပါတယ်။ Search Engine Website တွေဖြစ်တဲ့ Google, Yahoo တို့ကို အသုံးပြုပြီး ကိုယ်သိချင်တဲ့အရာတွေကို ရှာနိုင်သလို Social Media Website တွေဖြစ်တဲ့ Facebook, SnapChat တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
၂။ ဆက်သွယ်ရေးအတွက် (To Communicate)
လူအများစုဟာ Communication အတွက် နေ့စဉ် Internet ကိုအသုံးပြုလေ့ရှိပါတယ်။ Internet Messaging Website တွေဖြစ်တဲ့ Messenger နဲ့ WeChat အပါအဝင် အခြား IMW တွေကို တစ်ဦးနဲ့ တစ်ဦးကြား (သို့) အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြား ဆက်သွယ်ဖို့ နေ့စဉ်အသုံးပြုလျက်ရှိပါတယ်။
၃။ အချက်အလက်တွေကို တစ်နေရာမှတစ်နေရာသို့ ပို့ဖို့ (To Transfer Data)
Internet မပေါ်ခင်အချိန်တုန်းကဆိုရင် Data တွေကို တစ်နေရာကနေတစ်နေရာသို့ရွေ့ဖို့ အချိန်ကုန်၊ လူပင်ပန်းခံပြီး ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အခု Internet ပေါ်လာပြီးနောက်ပိုင်းမှာ လူသုံးများတဲ့ Website တွေဖြစ်တဲ့ Google Drive, Dropbox အပါအဝင် အခြား Data Transfer/Storage Website တွေကို အသုံးပြုနိုင်ပါတယ်။
၄။ အချိန်နဲ့တပြေးညီ ဖြစ်ပေါ်နေတဲ့သတင်းတွေကို သိဖို့ (To Be Up To Date)
ဟိုး… အရင်တုန်းကဆို အချိန်နဲ့တပြေးညီသတင်းတွေကိုသိချင်တယ်ဆိုရင် Radio Channel တွေကနေတဆင့် (သို့) TV Channel တွေကနေတဆင့် စောင့်ပြီးနားထောင်ခဲ့ရပါတယ်။ Internet ပေါ်လာပြီးနောက်ပိုင်းမှာတော့ သတင်းတွေကို သိရဖို့ တော်တော်လေးကို လွယ်ကူလာပါတယ်။ BBC မှာဖော်ပြတဲ့သတင်း သိချင်ရင် BBC ရဲ့ Official Website မှာ သွားရောက်ဖတ်နိုင်သလို Mizzima သတင်းတွေကို ဖတ်ချင်ရင်လည်း သင် ကြိုက်တဲ့အချိန် Mizzima Official Website မှာ သွားရောက်ဖတ်နိုင်ပါတယ်။
၅။ ဖျော်ဖြေရေးအတွက် (For Entertainment)
အားလုံးသိကြတဲ့အတိုင်း Internet ပေါ်မှာ ဖျော်ဖြေရေး Website တွေ မြောက်အများ ရှိနေပါတယ်။ ဗဟုသုတရမယ့် စာတိုတွေဖတ်ခြင်း၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗွီဒီယိုတိုလေးတွေကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ဇာတ်လမ်းတွဲတွေကြည့်ခြင်းအပါအဝင် ဖျော်ဖြေရေးနဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေအတွက် Website တွေရှိနေပါတယ်။
၆။ စီးပွားရေးလုပ်ငန်းတွေအတွက် (For Business)
စီးပွားရေးလုပ်ငန်းတွေဟာလည်း သူတို့ရဲ့ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို Customer တွေဆီ ရောက်ဖို့ လွယ်ကူပြီး ထိရောက်မှုရှိတဲ့ Website တွေကို အသုံးပြုလာကြပါတယ်။ 'သင့်လုပ်ငန်းအတွက် Website လိုအပ်နေပြီလား?’ ဆောင်းပါးကို ဖတ်ဖို့ ဒီမှာ နှိပ်ပါ။
၇။ ပညာရေးအတွက် (For Education)
Internet မပေါ်ခင်ကာလတုန်းက အသိပညာ၊ အတတ်ပညာတွေကို ဆည်းပူးဖို့ အချိန်ကုန်၊ လူပင်ပန်းရုံသာမက ကုန်ကျစရိတ်ကလည်းမြင့်မားခဲ့သော်လည်း အခု ဒီဂျစ်တယ်ခေတ်မှာတော့ ဖုန်းလေးတစ်လုံးရယ်၊ Internet Connection ရယ်ရှိနေရုံနဲ့ သင် လေ့လာချင်တဲ့ ဘာသာရပ်တွေကို အလွယ်တကူ လေ့လာနိုင်ပါတယ်။ ‘Programming Language တွေကို Online ကနေလေ့လာနိုင်မယ့် Website ၅ ခုအကြောင်း' ကို လေ့လာဖို့ ဒီမှာ နှိပ်ပါ။
ကဲ ဒါဆို အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေကိုဖတ်ပြီး လူတွေ Website ကို ဘာကြောင့် အသုံးပြုကြတယ်ဆိုတာ သဘောပေါက်ပြီထင်ပါတယ်။ တကယ်တော့ အပါ်မှာ ဖော်ပြထားတဲ့ အချက်တွေအပြင် အခြား ကောင်းကျိုးတွေလည်း အများကြီးရှိပါသေးတယ်။
ဘယ် Website တွေကို တစ်ရက်မှာ လူတွေ ဘယ်နှစ်ကြိမ်လောက် ဝင်ကြည့်ကြသလဲ?
ဒီနေရာမှာ ကျွန်တော်တို့ အားလုံးသိကြတဲ့ Tech Giant Company ၃ ခုကို ဥပမာပေးပြီး ဖော်ပြချင်ပါတယ်။
1. Google
Google ဟာ တစ်ကမ္ဘာလုံးမှာ လူသုံးအများဆုံး Search Engine တစ်ခုဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း ကုဋေနဲ့ချီတဲ့ လူတွေဟာ Google ကို အသုံးပြုပြီး သူတို့သိလိုတာကို အကြိမ်ပေါင်း ၅.၆ ကုဋေကျော် ရှာကြတယ်လို့ ၂၀၁၉ ခုနှစ် လေ့လာတွေ့ရှိချက်တွေကတဆင့် သိရပါတယ်။ ဒါဟာ Google ရဲ့ Search Result တစ်ခုတည်းအတွက်ပါ၊ Google မှာရှိတဲ့ အခြား ဝန်ဆောင်မှုတွေမပါသေးပါဘူး။
2. YouTube
YouTube က Video တွေကို သင်ကြည့်ဖူးပြီလို့ ကျွန်တော်ထင်ပါတယ်။ YouTube ဟာ တစ်ကမ္ဘာလုံးမှာ ဒုတိယ လူသုံးအများဆုံး Website တစ်ခုဖြစ်သလို အကျော်ကြားဆုံး Video Website တစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာရှိတဲ့ လူပေါင်း သန်း ၃၀ ကျော်ဟာ တစ်ရက်မှာ YouTube Video ပေါင်း ၅ ကုဋေနီးပါးကြည့်တယ်လို့ သိရပါတယ်။ Video တင်သူတွေကလည်း မိနစ်တိုင်း နာရီပေါင်း ၃၀၀ စာ Video တွေကို YouTube မှာ Upload လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။
3. Facebook
Facebook ဟာ ကမ္ဘာ့ တတိယ လူသုံးအများ Website တစ်ခုဖြစ်သလို ကမ္ဘာ့လူကြိုက်အများဆုံး Social Media Website တစ်ခုလည်းဖြစ်ပါတယ်။ Facebook ကို တစ်ရက်မှာ လူပေါင်း ၁.၅၆ ကုဋေကျော်အသုံးပြုနေတယ်လို့လဲ သိရပါတယ်။
အပေါ်မှာ ဖော်ပြခဲ့တာဟာ ကမ္ဘာ့လူသုံးအများဆုံး Website ၃ ခုသာဖြစ်ပြီး Online ပေါ်မှာ အခြား Website ပေါင်း ၁.၅ ကုဋေကျော်ရှိနေပါသေးတယ်။ သင်နဲ့ သင့်စီးပွားရေးလုပ်ငန်းအတွက် အသုံးဝင်မယ့် Website အမျိုးအစားတွေအကြောင်းကို လေ့လာဖို့ ဒီမှာနှိပ်ပါ။
ဟုတ်ပါပြီ၊ စာတွေအများကြီးဖတ်ပြီးပြီဆိုတော့ ဗဟုသုတတွေလည်း အများကြီးရနေပြီ ထင်ပါတယ်။ အခုဖော်ပြခဲ့တဲ့ အကြောင်းအရာလို ဆောင်းပါးတွေကို သင် ကြိုက်နှစ်သက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ နောက်လည်း ဒီလိုဆောင်းပါးတွေကို ဖတ်ချင်သေးတယ်ဆိုရင် ကျွန်တော်တို့ရဲ့ eWhale Myanmar Facebook Page ကို Like & Follow လုပ်ထားဖို့ တိုက်တွန်းလိုပါတယ်။ ဒီဆောင်းပါးဟာ သင့်သူငယ်ချင်းတွေအတွက်လည်း အသုံးဝင်မယ်ထင်ရင် ဒီ Post ကို Share ပေးနိုင်ပါတယ်။
𝐂𝐚𝐥𝐥 𝐍𝐨𝐰 - 𝟎𝟗𝟒𝟑𝟏𝟖𝟔𝟕𝟐𝟓, 𝟎𝟗𝟗𝟔𝟑𝟖𝟐𝟓𝟗𝟒𝟗
𝐍𝐨.𝟗𝟒𝟓(𝐁), 𝐌𝐚𝐲𝐚𝐧𝐬𝐮 𝐒𝐭𝐫𝐞𝐞𝐭 / 𝐊𝐲𝐚𝐢𝐤 𝐖𝐢𝐧𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.