Webstie တစ်ခုဟာလုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခုပါဝင်တဲ့
Feature တွေ၊ Pageအရေအတွက်တွေမတူညီနိုင်ပါဘူး။
ဘယ်လိုပဲ Feature တွေမတူညီရင်တောင်မှ Home Page
လို့ခေါ်တဲ့ပင်မစာမျက်နှာမှာမပါမဖြစ်ပါရမယ့်အချက်တွေရှိပါတယ်။
Branding Element
လုပ်ငန်းတိုင်းမှာ Branding ဖြစ်ဖို့အမှတ်တံဆိပ်တစ်ခုလိုအပ်ပါတယ်။
အဲဒါကတော့ကိုယ့်လုပ်ငန်းကိုကိုယ်စားပြုနိုင်မယ့် Logo တစ်ခုရှိဖို့ပါ။ Logo
တစ်ခုဟာသင့်လုပ်ငန်းရဲ့ုပုံရိပ်ဖြစ်လို့ Website
မှာမပါမဖြစ်ပါရမယ့်အရာတစ်ခုဖြစ်ပါတယ်။
Slogan
Slogan ဆိုတာသင့်လုပ်ငန်းရဲ့ဆောင်ပုဒ်(သို့)
သင်ဘာလုပ်ငန်းလုပ်နေတယ်ဆိုတာဖော်ပြပေးမယ့် ခေါင်းစီးစာသားဖြစ်လို့အရေးကြီးတဲ့
Element တစ်ခုဖြစ်ပါတယ်။ Slogan ကိုလိုရင်းတိုရှင်းနဲ့ကိုယ့်လုပ်ငန်းကို
လူတွေအလွယ်တကူနားလည်စေနိုင်မယ့်စာမျိုးပဲရေးသင့်ပါတယ်။
Call to Action (CTA)
Call to Action ဆိုတာကတော့ Action တစ်ခုခုလုပ်ဖို့အတွက်တိုက်တွန်းတဲ့
Button လေးတွေပါ။ ဥပမာ - သင့်လုပ်ငန်းက Online Shopping တို့၊ eCommerce
တို့ဆိုလျှင် Home Page ရဲ့တစ်နေရာရာမှာ Shop Now ဆိုတဲ့ CTA Button
လေးအနည်းဆုံးတစ်ခုတော့ပါသင့်ပါတယ်။
Navigation Bar
Navigation Bar ဆိုတာကသင့်ရဲ့ Product တွေ၊ Service တွေ၊ Company
အကြောင်းတွေကို Reader တွေတစ်ဆက်တည်းဖတ်လို့ရအောင် Page
တွေိကုစုပြီးဖော်ပြထားတဲ့နေရာတစ်ခုပါ။ Content
တွေ၊ Blog တွေမှာသုံးထားတဲ့ Font ဒီဇိုင်းတွေ၊
ကာလာတွေနဲ့မတူညီတဲ့ဒီဇိုင်းကာလာမျိုးကိုသုံးပေးသင့်ပါတယ်