technology new technology new

Websites that will make you smarter Update


eWhale Myanmar
smartwebsite

ဒီတစ်ခါတော့ Ewhale ရဲ့ ချစ်မိတ်ဆွေများအတွက် 

နှစ်ကူးလက်ဆောင်မွန်အဖြစ် knowledge sharing 

လေးလုပ်ပေးလိုက်ပါတယ်…


ဒီခေတ်ဒီအခါကြီးမှာ ပညာရှာချင်ရင် ကျောင်းမှာပဲ 

သင်ယူလို့ရတာ မဟုတ်တော့ဘူးနော်…


အိမ်မှာ အေးအေးနားနား နာရီဝက်လောက် နေ့စဉ်

အချိန်ပေးပြီး ဝက်ဆိုဒ်များမှ စာထိုင်ဖတ်ပြီးလည်း 

သင့်နားလည်နိုင်စွမ်းတွေ ဗဟုသုတတွေ တိုးမြင့်နိုင်ပါတယ်..


သင်ဟာ တစ်ကမ္ဘာလုံးရဲ့ အခွန်ဥပဒေတွေ၊ 

စီးပွားရေးကဏ္ဏအကြောင်းတွေ ပိုနားလည်ချင်တာလား?

ဒါမှမဟုတ် သင့်ခေါင်းဆောင်မှုစွမ်းရည်ကို တိုးတက်ချင်တာလား? 

ဒါမှမဟုတ် life hacks လေးတွေ သိချင်တာလား?

ဒီလိုအသိပညာဗဟုသုတတွေရဖို့ အခုဖော်ပြလိုက်မယ့်

ဝက်ဆိုဒ် ၈ ခုမှာ သွားလေ့လာလိုက်ပါ…အက်ဒမင်က

ကြိုက်တဲ့အချက်တွေ မကြိုက်တဲ့အချက်တွေပါ ရေးပေးထားတာမို့


EWhale ချစ်မိတ်ဆွေများလည်း တစ်ချို့ အားသာချက် 


အားနည်းချက်တွေလည်း မြင်ရမှာဖြစ်ပါတယ်။

၁။ https://www.thersa.org/discover/videos/rsa-animate?id=51787


 


What We Like

• ဗီဒီယိုတွေ၊ podcasts တွေရှိတယ်

• တမူထူးခြားတဲ့ ဗီဒီယိုတွေဖြစ်တာကြောင့် သင့်အာရုံစိုက်ခြင်းခံရတယ်

• တစ်ချို့ဗီဒီယိုတွေက ဒေါင်းလုပ်ပါ ရယူနိုင်တယ်



 What We Don't Like



• တစ်ခါတစ်ရံမှသာ Update တင်တယ်။

• Popularity အရ စာရင်းစီ၍ မရ။

• ဝက်ဆိုဒ်ဟာ သုံးရတာ ရှုပ်တယ်။


 


TED.com ကို ကြိုက်တဲ့သူ အများစုကတော့ ဒီ RSA Animate ကိုလည်း 


ကြိုက်ကြမှာပါ။ RSA သည် non-profit အဖွဲ့အစည်း ဖြစ်ပြီး ယနေ့ခေတ်


လူမှုရေးပြဿနာများဖြစ်တဲ့ ဆာလောင်မွတ်သိပ်ခြင်း၊ လူမှုရေး 


စောင့်ရှောက်ခြင်း၊ ရာဇဝတ်မှုများ၊ နိုင်ငံရေး ဖိနှိပ်ချုပ်ချယ်ခြင်းများ၊ 


ပတ်ဝန်းကျင်၊ ပညာရေးနှင့် တရားမျှတမှု စသည်တို့အတွက် 


ဆွေးနွေးရေးသားထားသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂။ https://www.inc.com/


 


What We Like

• ဘယ်သူမဆိုအတွက် ဦးတည်ထားတဲ့ content ပေါများပါတယ် 

• Useful navigation categories.

• အခမဲ့ နေ့စဉ် အီးမေလ် သတင်းလွှာ


 


What We Don't Like




• ကြေငြာများခြင်း


 


Inc.com သည် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် စိတ်ဝင်စားမှု လှုံဆော်စေနိုင်တဲ့


စာပေအရင်းအမြစ်ဖြစ်ပါတယ်။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုနှင့် အဖွဲ့အစည်းတည်ဆောက်ပြုပြင်မှုဆိုင်ရာ သီအိုရီများအပေါ် အခြေခံ၍ Inc.com သည် လက်ရှိနာမည်ကျော် leaders များရဲ့ တွေးခေါ်မှုများကို စုစည်းဖော်ပြပေးထားတဲ့ စာကြည့်တိုက်တစ်ခုဖြစ်သည်။

Leader များ မည်ကဲ့သို့ inspire လုပ်ပုံ ၊ customer ဦးစားပေးလုပ်ငန်းတစ်ခု ဖန်တီးပုံ၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ထူထောင်တဲ့အခါ ကြုံတွေ့နိုင်တဲ့ အန္တရာယ်များကို ရှောင်ကြဉ်နည်းများ၊ စသဖြင့် လက်တွေ့အသုံးကျသည့် နည်းလမ်းနည်းသွယ်များ ဖော်ပြပေးထားသည်။ 



အကယ်၍ သင်သည် မန်နေဂျာ၊ အဖွဲ့ခေါင်းဆောင်၊ အမှုဆောင်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်ရှင်ဆိုရင် ဒီ ဆိူဒ်ထဲ ဝင်ကြည့်သင့်ပါတယ်…


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


၃။ https://www.brainpickings.org/



What We Like



• ဘာသာရပ်ခေါင်းစဉ်အမျိုးမျိုး ဝင်ဖတ်နိုင်သည်၊၊

• Ads လုံးဝမရှိပါ။

• ဝက်ဆိုဒ် ဒီဇိုင်း ရိုးရှင်းသည်။



What We Don't Like

• ဘာဖတ်ရမလဲဆိုတာ ရှာဖွေရခက်သည်။



Brain Pickings သည် သိချင်စိတ် စူးစမ်းလိုစိတ် ပြင်းထန်တဲ့သူများအတွက် discovery အင်ဂျင်တစ်ခုလို့ ဆိုနိုင်သည်။ Brainpickings.org သည် မနုဿဗေဒ၊ နည်းပညာ၊ အနုပညာ၊ သမိုင်းစာပေ၊ စိတ်ပညာ၊ နိုင်ငံရေးနှင့် အခြားအထွေထွေပညာရပ်များ စုစည်းရာ ရတနာသိုက်ဖြစ်တယ်။ ဒီဘလော့ခ်ဟာ ပထမစစချင်း ဝင်ကြည့်တဲ့အခါ သင့်အတွက် ခက်ခဲသယောင် ထင်ကောင်းထင်ပါလိမ့်မယ်…ဒါပေမဲ့ ဝင်ကြည့်လိုက်တဲ့ မိနစ်တိုင်းအတွက် သင်တစ်ခုခုတော့ ပညာရပါလိမ့်မယ်


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


၄။ https://www.howstuffworks.com/



What We Like


• ဗီဒီယိုနဲ့ ဆောင်းပါးများ

• Contents အမျိုးမျိုးရှိခြင်း

• အပျော် ဉာဏ်စမ်းပဟေဠိများ

• ကျရာ content ခလုတ်



What We Don't Like

• ဗီဒီယိုနဲ့ ဝက်ဆိုဒ်ထဲတွင် ကြေငြာများခြင်း

အမေးအမြန်းထူပြီး စပ်စုတတ်တဲ့ လူတော်လေးတွေကတော့ ဒီ HowStuffWorks.comကို လုံး၀ ကြိုက်နှစ်သက်မှာ သေချာပါတယ်။ 

လေဆင်နှာမောင်းတွေ ဘယ်လိုဖြစ်တာလဲ၊ လက်ဝှေ့သမားတွေ သားရေထူလက်အိတ်ကြီးတွေနဲ့ ဘယ်လိုလေ့ကျင့်တာလဲ၊ ငါးမန်းတွေ သားကောင်ကို ဘယ်လိုတိုက်တတ်သလဲ၊ ဆက်တိုက်လူသတ်မှုတွေကို အမိအရ ဘယ်လိုဖမ်းသလဲ စသဖြင့် မေးခွန်းများစုံလင်ပါတယ်။

တစ်ခဲနက် ဘက်ဂျက်နဲ့ Khan Academy လို့မြင်လိုက်ပါ။ တစ်မိသားစုလုံးအတွက် ထူးခြားတဲ့ ဗီဒီယိုလေ့လာရေး ပလတ်ဖောင်းဖြစ်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၅။ https://www.ted.com/playlis…/…/the_most_popular_talks_of_all

What We Don't Like

• ဗီဒီယိုများခြင်း

• အကြောင်းအရာခေါင်းစဉ်စုံလင်ခြင်း

• တမူထူးခြားတဲ့ ခေါင်းစဉ် မျိုးတူရွေးထုတ်ခြင်းစနစ်ပါရှိခြင်း

• ဗီဒီယို စာတန်းထိုးခြင်း

• လုံးဝအခမဲ့ကြည့်ရှုနိုင်ခြင်း



What We Don't Like

• ကြော်ငြာများခြင်း



'Technology, Entertainment, Design' ဆိုသည်မှာ TED ရဲ့ မူလအတိုကောက်စာလုံးများဖြစ်သည်။ ဒါပေမဲ့ နှစ်တွေ ကြာလာတာနဲ့ ဒီဝက်ဆိုဒ်ဟာ humanity နှင့် ပတ်သက်တဲ့ လူမျိုးခွဲခြားရေးဝါဒ၊ ပညာရေး၊ စီးပွားရေးအောင်မြင်ဖြစ်ထွန်းမှု၊ စီးပွားစီမံသီအိုရီများ၊ အရင်းရှင်ဝါဒနှင့် ကွန်မြူနစ်ဝါဒ၊ ခေတ်မီနည်းပညာများ၊ စကြာဝဠာရဲ့ မူရင်းဇစ်မြစ်စသဖြင့် ခေတ်ပေါ်အကြောင်းအရာတွေအားလုံးနီးပါးကို ဝင်ရောက်ဆွေးနွေးထားတယ်။

သင်ဟာ သင်ကိုယ်သင် သင်နေထိုင်တဲ့ကမ္ဘာကြီးအကြောင်း အနည်းငယ်ပိုပြီး လေ့လာချင်တဲ့ တွေးခေါ်စဉ်းစားတတ်တဲ့ သူအဖြစ်ထင်မြင်ရင် TED.com ကို လုံး၀ လာလေ့လာသင့်ပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၆။ https://www.khanacademy.org/



What We Like

• အသက်အရွယ်မရွေးအတွက် အခမဲ့သင်တန်းများ

• အရွယ်ရောက်သူများနဲ့ ကလေးများအတွက် မိုဘိုင်းအပ်ပလီကေးရှင်းများ

• ဗီဒီယို စာတန်းထိုးခြင်း

• User အကောင့်မလိုအပ်ပါ။




What We Don't Like

• သင်ရိုးညွှန်းတမ်း အပြည့်အစုံမရှိပါ 



Khan Academy သည် ပရဟိတ non-profit အုပ်စု ဖြစ်တဲ့အတွက် ကမ္ဘာအဆင့်မီပညာရပ်များကို အခမဲ့သင်ကြားပေးနေပါသည်။ Khan Academy ကပေးထားတဲ့ ဗဟုသုတများသည် ဆရာ၊ ကျောင်းသား၊ မိဘ၊ ပရော်ဖက်ရှင်နယ်နှင့် ကုန်သည်များစသဖြင့် လူတိုင်းအတွက် ရည်ရွယ်ထားပါတယ်။ သင်ကြားရေးဗီဒီယိုများသည် သင်ယူလေ့လာချင်တဲ့ မည်သည်မဆိုအတွက် အဖိုးတန်ပါသည်။ မည်သည့်ပညာရေး အကြောင်းအရာ ခေါင်းစဉ်မဆို Khan တွင်ရှာဖွေနိုင်သည်။ အကယ်၍ မရှိသေးရင်လည်း လုပ်ဆောင်နေဆဲမို့ ဖြစ်သည်။ ဒါ့အပြင် သင်ကိုယ်တိုင်လည်း ဗီဒီယိုများ ဝင်ရောက် ကူညီ ဘာသာပြန်ပေးနိုင်သည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


၇။ https://www.merriam-webster.com/word-games/vocabulary-quiz


What We Like

• နေ့စဉ် စကားလုံးသစ် သင်ယူပါ။

• ဆင်တူနှင့် ဆန့်ကျင်ဘက် ဝေါဟာရစုများ ပါဝင်သည့် အဘိဓာန်

• သင့်ဝေါဟာရကျွမ်းကျင်မှုကို စမ်းသပ်မည့် ပဟေဠိများ

• ကြေငြာနည်းပါးခြင်း



What We Don't Like

• စကားလုံးပေါင်း၂၅၀၀၀၀ ကျော်မှာ ငွေပေးချေတဲ့ အဖွဲ့သင်များသာ ရရှိနိုင်သည်။



Merriam-Webster သည် အဘိဓာန်ဆိုတာထက်ကို ပိုပါတယ်။ MW.com သည် စပိန်-အင်္ဂလိပ် ဘာသာပြန်ပေးသူအဖြစ်၊ ဆေးပညာရပ်ဆိုင်ရာ ဗန်းစကား ရည်ညွှန်းစာအုပအဖြစ်၊ စွယ်စုံကျမ်းတစ်အုပ်အဖြစ်၊ သင့်ဝေါဟာရကြွယ်ဝစေမည့် ဒီဂျစ်တယ်လမ်းညွှန်အဖြစ်၊ ခေတ်ဗန်းစကားနည်းပြအဖြစ် ဆောင်ရွက်သည်။ 


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


၈။ https://www.bbc.co.uk/science

What We Like

• တူညီတဲ့ အကြောင်းအရာခေါင်းစဉ် ရေးမြဲရေးသည်။

• ဆောင်းပါးတိုင်းမှာ အနှစ်ချုပ်ထည့်ရေးထားသည်။

• ဝက်ဆိုဒ်ထဲ ရှာဖွေမွေနှောက်ရတာလည်းပျော်စရာကောင်းတယ်



What We Don't Like

• Content အသစ် မတင်ပါ။

• အကြီးစားနဖူးစည်းစာတမ်းကြေငြာများ

• Content များရွေးချယ်စိစစ်၍မရ

အမေရိကအခြေပြုဝက်ဆိုဒ်များကဲ့သို့ ဝက်ဆိုဒ်တင်ဆက်မှုမှာ မျက်စိနောက်စရာ သိပ်မကောင်းဘဲ BBC Science မှာ လူသားများ၏ ခန္တာ၊ စိတ်နေသဘောထားနဲ့ လေးနက်တဲ့ သိပ္ပံပညာနဲ့ သဘာဝတရားဆိုင်ရာ ဆောင်းပါးများကို စာဖတ်သူရဲ့စိတ်ဝင်စားမှုဆွဲဆောင်စေနိုင်တဲ့အပြင် စိတ်ဓာတ်ခွန်အားလည်း လှုံဆော်ပေးနိုင်တဲ့ သုတစာပေမျာဖြစ်ကြတယ်။


"စိတ်ဖိစီးမှုဒဏ်ကို ဘယ်လိုဖြေရှင်းလဲ? ဝါယာကြိုးမရှိဘဲ လျှပ်စစ်မီး ရနိုင်သလား? အာကာသတယ်လီစကုပ်က ဘာရှာတွေ့နိုင်သလဲ? သင့်မသိစိတ်က ကိုယ်ကျင့်တရားဘယ်လိုစောင့်ထိန်းသလဲ? သင်ဟာဂီတပိုင်းဆိုင်ရာမှာရော ဘယ်လောက်အနုပညာရှိသလဲ?" စသဖြင့် စူးစမ်းနိုင်သည်။