technology new technology new

“ဝက်ဆိုဒ်မလိုအပ်ဘူး” ထင်နေနိုင်သည့် လုပ်ငန်းအမျိုးအစား ၆ ခု


eWhale Myanmar
why-website-need

သင်ဟာ customers အသစ်တွေဆီရောက်ချင်တယ်၊ ရှာဖွေချင်တယ်ဆိုလျင် သင့်လုပ်ငန်းအတွက် ဝက်ဆိုဒ်တစ်ခု မဖြစ်မနေရှိဖို့ လိုအပ်ပါတယ်။ customer အများစုက အွန်လိုင်း research တွေ လုပ်ပြီး လုပ်ငန်းအသစ်များရှာဖွေနေတဲ့အချိန်မှာ ဝက်ဆိုဒ်မရှိခြင်းရဲ့ ကောင်းမွန်ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပါ။ သို့သော် အသေးစားလုပ်ငန်းတစ်ဝက်လောက်က ယခုတိုင် ဝက်ဆိုဒ်မရှိသေးပါ။


ထိုလုပ်ငန်းများရဲ့ ဝက်ဆိုဒ်မရေးဆွဲတဲ့ အကြောင်းပြချက်အများစုက ဝက်ဆိုဒ်ဆိုတာ သူတို့လုပ်ငန်းအမျိုးအစားနဲ့ မသင့်လျော်၊ မသက်ဆိုင်ပါဟု ခံယူထားခြင်းကြောင့်ဖြစ်သည်။


အကယ်၍ သင်လည်း သင့်လုပ်ငန်းနဲ့ ဝက်ဆိုဒ်ဟာ မသက်ဆိုင်ဘူးလို့ ထင်မှတ်ပြီး ဝက်ဆိုဒ်မရေးဆွဲတာဆိုရင်တော့ လွဲှနေတဲ့ ယူဆချက်လို့ပဲ ထောက်ပါရစေ။“ဝက်ဆိုဒ်ဆိုတာ လူတိုင်းအတွက် ဖြစ်ပါတယ်” ။ ဒါကြောင့် ဒီနေ့ ဝက်ဆိုဒ်မလိုအပ်ဘူးလို့ ထင်နိုင်သည့် လုပ်ငန်းအမျိုးအစား ၆ခု နဲ့ ဘာကြောင့်လိုအပ်ရတာလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။Automotive Professionals

အကယ်၍ သင်သည် ကားပြင်ဆိုင်တစ်ခု ဖွင့်ထားတယ် ဆိုရင် ဝက်ဆိုဒ်ဟာ သင့်အကောင်းဆုံးမိတ်ဆွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုဘာကြောင့်လဲ? ဘာကြောင့်လဲဆိုရင်တော့ သင့်ကာစတန်မာများသည် သင့်ကားဝန်ဆောင်မှုများက ဈေးကြီးပြီး ရှုပ်ထွေးတယ်လို့ ယူဆနိုင်၍ ဖြစ်တယ်။ ကာစတန်မာများသည် ယေဘုယျအားဖြင့် သူတို့၏ မော်တော်ကားများကို ဆိုင်ပို့ရန် ဝန်လေးကြသည်။ ရှင်းလင်းတိကျတဲ့ ဈေးနှုန်းနှင့် အသေးစိတ်ဝန်ဆောင်မှုများ ရေးသားဖော်ပြထားသည့် ဝက်ဆိုဒ်သည် သူတို့၏ ယုံကြည်မှုနှင့် သစ္စာရှိမှုကို အလွယ်တကူ ရယူနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။


၂။Doctor’s Offices & Dentists

ကျန်းမာရေး ဝန်ဆောင်မှုအများစုဟာ customers ရရန် ကျန်းမာရေးအာမခံ လုပ်ငန်းများအပေါ် မှီခိုနေကြတယ်။ ဒီလိုချန်နယ်တွေကcustomers များ သင့်ကျန်းမာရေးဝန်ဆောင်မှုများကို ကူညီရှာဖွေပေးနိုင်သော်လည်း ယနေ့ခေတ်customer တွေဟာ ကျန်းမာရေးနှင့် ပတ်သက်လာရင် ပြင်ပအကူအညီ ပို, ပိုပြီး မတောင်းခံချင်တော့ပါ။ ဆိုလိုချင်တာက လူနာတစ်ယောက်က သင့်ကျန်းမာရေးလုပ်ငန်းအကြောင်း အာမခံအချိတ်အဆက်တစ်ခုခုကနေ ကြားလာနိုင်တယ်။ ဒါပေမဲ့ သင်နဲ့ ရက်ချိန်းမယူခင် သင့်အကြောင်း သူတို့ကိုယ်တိုင်research လုပ်ချင်လိမ့်မယ်။ ဒါကြောင့်  သင့်အတ္ထုပ္ပတ္တိ၊ သင်နဲ့သင့်ဝန်ထမ်းများရဲ့ ဓာတ်ပုံနှင့် လူနာဟောင်းများရဲ့ ထောက်ခံစာများစသည်တို့ ပါဝင်ရေးသားထားသော ဝက်ဆိုဒ်တစ်ခုထားရှိခြင်းဟာ သင်နှင့် သင့်လုပ်ငန်းပြိုင်ဖက်များကို  ကွဲပြားခြားနာစေပါတယ်။


၃။Legal Practitioners

ရှေ့နေတစ်ယောက်အနေနဲ့  သင်သည် ဝန်ဆောင်မှု နေ့စဉ်ပေးစရာ မလိုလောက်ပါ။ သို့သော် သင်သည်လည်း အမှုသည်များ အခက်အခဲတစ်စုံတစ်ရာရှိလျင် သင့်ကို ဦးစွာဆက်သွယ်စေချင်မှာပါ။

သို့သော် တစ်ချို့အမှုသည်များသည် ရှေ့နေနှင့် ဆက်သွယ်ရန် စိုးရိမ်ကြောင့်ကြမှု ရှိနိုင်သည်။ သူတို့၏ တရားဥပဒေကိစ္စရပ်များကို သူစိမ်းတစ်ယောက်နှင့် မျှဝေတိုင်ပင်ရန် ကသိကအောက်ဖြစ်တတ်တာကြောင့် ဖုန်းစခေါ်ဆိုရန် ဝန်လေးနိုင်တယ်။ တစ်ချို့ကျတော့ သင့်ကျွမ်းကျင်မှုပညာရပ်ကို သူတို့ကြုံတွေ့နေတဲ့ တရားရင်ဆိုင်မှုနှင့် မကိုက်ညီဘူးဟု ထင်မှတ်နိုင်တယ်။  နောက်တစ်ချို့ကျတော့လည်း ရှေ့နေတစ်ယောက်၏ တန်ဖိုးရှိသော အချိန်များကို မိမိရဲ့ သိပ်အရေးမကြီးလှတဲ့ ပြဿနာများဖြင့် ဖြုန်းတီးမိမှာ စိုးရိမ်တတ်ကြသည်။

ဒါကြောင့် သင်ဟာ ပထမဆုံး သင့်အမှုသည်များ၏ ယုံကြည်ချက် ရယူရန် လိုအပ်သည်။ သင့်customers များ အခက်အခဲတွေ့နေချိန် သင်နဲ့ဆက်သွယ်လိုက်တဲ့အခါ သူကိုယ်တိုင်လည်း စိတ်လုံခြုံမှု ခံစားမိစေသင့်သည်။ သင်ဟာ သူတို့လိုအပ်တဲ့ ဖြေရှင်းချက်များ ပေးနိုင်တယ်လို့ အခိုင်အမာ ပြောနိုင်သလား? ဒါဆို သင့် ပညာရပ်များ၊ ကျွမ်းကျင်မှုများ၊ အမှုသည်၏ တုံ့ပြန်ချက်များနှင့် အရည်အချင်းများကို သင့် ဝက်ဆိုဒ်ပေါ်မှာ ဘာကြောင့် မပြဌာန်းနိုင်ရတာလဲ? ဒါ့အပြင် ဝက်ဆိုဒ်တစ်ခုရှိလျင် သင့်ဝက်ဆိုဒ်သို့ ဝင်ကြည့်ထားသည့် သင်ရဲ့ အမှုသည်များသည် သင့်law firm နှင့် သင့်ကျွမ်းကျင်မှုတို့ကို ကြိုတင်သိမြင်ထားတာကြောင့် သင့်လုပ်ပုံလုပ်နည်းများက သူတို့အတွက် အမှန်တကယ် အကူအညီဖြစ်စေသလားဆိုတာလည်း သူတို့ ကြိုတင်အကဲဖြတ်စေနိုင်သည်။


၄။Book Authors

အထူးသဖြင့် သင်ကိုယ်တိုင် စာအုပ်တစ်အုပ် ရေးသားဖြန့်ချိနေတယ်ဆိုလျင် ဝက်ဆိုဒ်ဟာ သင့်အတွက် လူသိအောင် ကြော်ငြာပေးနိုင်တဲ့ သော့ချက်ဖြစ်တယ်။ သတင်းထောက်များနှင့် ဘလော့်ဂါများသည် သူတို့အလုပ်နှင့် သူတို့ ရှုပ်ထွေးနေတတ်တာကြောင့် သူတို့ရဲ့ စိတ်ဝင်စားမှု ရယူရန် ခက်ခဲနိုင်တယ်။ ဒါကြောင့် သင့်business card မှာဖြစ်ဖြစ်၊ အီးမေးလ်မှာပဲဖြစ်ဖြစ် သင့်ဝက်ဆိုဒ်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးနိုင်သည့်link or QR Code တစ်ခုခု ထည့်ရေးထားသင့်သည်။

သင့်အကြောင်းစုံကို သင်နဲ့ တစ်ခဏတာ အစည်းအဝေးတွင် အကုန်မကြားနိုင်သော်လည်း သူတို့ဘာသာ အိမ်မှာ အေးအေးဆေးဆေး သင့်ဝက်ဆိုဒ်ဖတ်ရင်း စဉ်းစားခွင့်ပေးလိုက်တာ ဖြစ်သွားစေတာကြောင့် သင့်အကြောင်းပိုပြီး လေ့လာခွင့်ပေးလိုက်သကဲ့သို့ ဖြစ်တယ်။


၅။Visual Artists

ပန်းချီဆွဲ၊ ဆေးခြယ်၊ မြေစေးများသုံးပြီး အနုပညာလက်ရာများ ဖန်တီးနေသူများအဖို့ ဝက်ဆိုဒ်ထားရှိခြင်းဟာ ယုတ္တိဆန်ချင်မှ ဆန်မှာပါ။ ဒါပေမဲ့ သင့်လက်ရာများကို အွန်လိုင်းပေါ်မှာ ထားရှိခြင်းဟာ သင့်မိတ်ဆွေများအား သင်ဘာလုပ်သလဲဆိုတာကို ပြောပြပေးထားတာကြောင့် ရံဖန်ရံခါ သင့်လက်ရာအနည်းငယ်တောင် ရောင်းထွက်သွားနိုင်သည်။ သင်ဝက်ဆိုဒ်ကို ဖော်ပြထားသည့် business card တစ်ခုကို ကိုယ်နှင့်မခွာ ဆောင်ထားပါ။ သင့်လက်ရာကို တစ်စုံတစ်ယောက်က ဘယ်အချိန် ကြည့်ချင်မလဲဆိုတာ မသိနိုင်ဘူးလေ။


၆။The Food Industry

ကျွန်တော်သာဆိုလျင် သင့်စားသောက်ဆိုင်ကို အွန်လိုင်းမှာ ရှာမတွေ့လျင် သင့်စားသောက်ဆိုင်မှာ လာသုံးဆောင်မှာ မဟုတ်ပါ။ ဒါ့အပြင် စားသောက်ဆိုင် ဘလော့ခ်၊ ခရီးသွားဘလော့ခ်တွေမှာ ပါဝင်ရေးသားထားရုံနဲ့ မလုံလောက်ပါ။ အွန်လိုင်းပေါ်မှာ သင့်ဆိုင်ကို ရှာကြည့်လို့ နောက်ဆုံးupdate ထားတဲ့ သင့်ဆိုင်အကြောင်းရှာမတွေ့လျင် သင်ဆိုင် ရှိရောရှိသေးရဲ့လားလို့ ထင်မှတ်သွားနိုင်တယ်။ ကျွန်တော်သာဆို ပိတ်ထားနိုင်ချေရှိတဲ့ ဆိုင်ကို ဘာကြောင့်သွားနေအုံးမှာလဲ? အဲ့အစား သင့်ဆိုင်ဝန်ဆောင်မှုမျိုးပေးနိုင်တဲ့ အနီးအနားက တခြားဆိုင်တစ်ခုမှာပဲ စားတော့မှာပေါ့။ ဒီလိုနဲ့ သင်လည်း စားသုံးသူတစ်ယောက် ဆုံးရှုံးသွားပါပြီ။ သင့်ဆိုင်ရဲ့ စားသောက်ဖွယ်ရာများက အဓိကမားကတ်တင်းလက်နက် ဖြစ်သင့်သော်လည်း ဒီဂျစ်တယ်ခေတ်ရဲ့ လိုအပ်ချက်တွေကိုလည်း လျစ်လျူမရှုမိစေချင်ပါ။

ယခုလက်ရှိတွင် သင့်လုပ်ငန်းက ရှိပြီးသား clients တွေcustomers တွေနဲ့ လည်ပတ်နေနိုင်ပါတယ်။ သို့သော် နောင်တွင် generation မျိုးဆက်အသစ်ပေါ်လာပြီး သူတို့ကလည်း သင့်ပြိုင်ဖက်လုပ်ငန်းမျိုးကို အွန်လိုင်းပေါ်ကပဲ ရှာဖွေတော့မှာ ဖြစ်ပါတယ်။  

အကယ်၍ သင်သည် ဖော်ပြပါလုပ်ငန်းအမျိုးအစားတစ်ခုထဲက တစ်ခုခုကို လုပ်ကိုင်နေလျင် သင့်မှာ သူများထက် သာလွန်တဲ့ ရှားပါးတဲ့အခွင့်အရေးတစ်ခုရှိနေပါပြီ။ သင်ဟာ အမြဲတမ်း ဝက်ဆိုဒ်သည် သင့်လုပ်ငန်းနဲ့ မသက်ဆိုင်ဟု ထင်မြင်နေလျင် သင့်ပြိုင်ဖက်လုပ်ငန်းတွေလည်း ဒါမျိုးပဲ ထင်နေမိမှာပါ။ ဒါကြောင့် သင်ကိုယ်တိုင် ပထမဆုံး ဝက်ဆိုဒ်တစ်ခု စတင်ရေးဆွဲပြီး သူများထက် တစ်ပန်းသာမှု ရယူလိုက်ပါ။

လေ့လာတွေ့ရှိချက်များအရ အသေးစားလုပ်ငန်းများ၏ ကာစတန်မာ သုံးပုံတစ်ပုံသည် ဝက်ဆိုဒ်မရှိလျင် ဝင်ရောက်မပတ်သက်ချင်ကြောင်း တွေ့ရှိရသည်။ သင့်customers များ အွန်လိုင်းပေါ် ရောက်လာတာနဲ့အမျှ သင်သည်လည်း ဂူးဂဲလ်စာမျက်နှာပေါ်မှာ အသင့်ရှိနေရန် အလွန်လိုအပ်ပါတယ်။